Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပွဲစီစဉ်သူများဖိအားပေးခံရ၍ NUG နိုင်ငံခြားရေးဝန်ကြီးမိန့်ခွန်းပြောကြားမည့်အစီအစဉ် ဖျက်သိမ်းခံရ

အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်ဆွေးနွေးပေးရန်ဖိတ်ကြားခံခဲ့ရသော်လည်း စီစဥ်သူများအနေနဲ့ အလားတူ ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

Global Town Hall အခမ်းအနား​ကြော်ငြာ
Global Town Hall အခမ်းအနား​ကြော်ငြာ

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် Global Town hall 2022 အခမ်းအနား၌ အမှာစကားပြောကြားမည့်အစီအစဥ် ဖျက်သိမ်းခံရကြောင်း အဆိုပါဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးမူဝါဒအသိုက်အဝန်း (FPCI)က ကြီးမှူးပြုလုပ်သည့် Global Town hall 2022 အခမ်းအနားတွင်အမှာစကားပြောကြားရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဖိတ်ကြားခဲ့ သော်လည်း အခမ်းအနားစီစဥ်သူများ အနေနှင့် ဖိအားပေးမှုအချို့နှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း ဖော်ပြသည်။

ယင်းညီလာခံသို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြားရန်စီစဉ်ထားသော မိန့်ခွန်းတွင် မြန်မာနိုင်ငံ ၏ အခြေခံကွဲပြားမှုမှာ ဒီမိုကရေစီနှင့် အကြမ်းဖက်မှုအကြား၊ ဖွံ့ဖြိုးမှုနှင့် သေနတ်အားကိုးအုပ်ချုပ်လိုမှုအကြား တို့ဖြစ်သည်ဟုထည့်သွင်းဖော်ပြသည်။

“ကျွန်မတို့ဟာ ညီညွတ်မှုအသစ်နဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနေပါတယ်။ စစ် အာဏာသိမ်းမှုကို တုန့်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ လူမျိုးစုနဲ့ ကိုးကွယ်ယုံကြည်မှု မတူညီမှုတွေ အကြား ကျွန်မတို့ရရှိထားတဲ့ ဘုံရည်မှန်းချက်တူညီတာကို အခုညီလာခံကနေအသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်​ပြောကြားရန်စီစဥ်ထား​သောမိန့်ခွန်းတွင်​​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်ဆွေးနွေးပေးရန်ဖိတ်ကြားခံခဲ့ရသော်လည်း စီစဥ်သူများအနေနဲ့ အလားတူ ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။