Connect with us

Hi, what are you looking for?

သတင်း

ချင်း-ယောအစပ်သို့ YDF အယောင်ဆောင်ဝင် ရောက်လာသည့် စစ်ကောင်စီတပ်က ဓားစာခံစစ်ရှောင် ၆ဦးနှင့် ဒေသခံ ၃ဦးကို သတ်ဖြတ်ဟု မင်းတပ် CDF ပြော

စစ်ကောင်စီတပ်လာရောက်သည့်နေ့တွင် မင်းတပ် CDF၏ စနိုက်ပါ စစ်သည်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည် ဟုလည်း ဆလိုင်းဟာအွမ်က ပြောသည်။

ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat
ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat

▪️မင်းတပ် CDF စနိုက်ပါ လက်ချက်ကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေ

ချင်းပြည်နယ်နှင့် ယောဒေသအစပ် ချင်းပြည်နယ် ပလုံတီရွာသို့ စစ်ကောင်စီတပ်က ယောဒေသကာကွယ်ရေးတပ်(YDF) အယောင်ဆောင် ဝင်ရောက်လာပြီး ယောဒေသမှ စစ်ရှောင်ပြည်သူ ၆ဦးနှင့် ဒေသခံ ချင်းတိုင်းရင်းသား ၃ဦးကို သတ်ဖြတ်သွားကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

နိုဝင်ဘာ ၇ရက် နံနက်ပိုင်းတွင် YDF ဝတ်စုံများ ဝတ်လာသည့် စစ်ကောင်စီတပ်သား အချို့က ချင်းပြည်နယ် ပလုံတွီကျေးရွာသို့ ဦးစွာလာရောက်ကာ ဆေးကုသပေးမည်ဟု ပြောဆိုကြောင်း၊ နောက်ပိုင်းတွင် အင်အား ၁၀၀ကျော်ပါ စစ်ကြောင်းက ပလုံတွီရွာသို့ ဝင်ရောက်စီးနင်းကာ ဒေသခံ ပြည်သူ အများစုနှင့် စစ်ဘေးရှောင် ပြည်သူ ၄၀ ခန့်ကို ဖမ်းဆီးသွားကြောင်း မင်းတပ် CDFက ပြောသည်။

ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat
ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – CDF – Mindat

“YDFက ပါ ဆေးကုဖို့လာတာပါ ပြောပြီးလေး၊ငါးယောက်လောက်ရောက်လာတယ်။ ပြည်သူတွေက အငိုက်မိနေတဲ့အချိန်မှာ ခြင်းကြားတောင်းတွေနဲ့ စကစတွေက ဘောလုံးကွင်းဘက်က ပတ်ပြီးတောက်လျှောက် ရွာကိုပစ်တယ်။ အဲဒီအချိန်မှာ ဒေသခံ အမျိုးသားတော်တော်များများက အမဲဖျက်နေတာ။ စစ်ရှောင်တွေနဲ့ ပြည်သူတွေအတွက်အမဲဖျက်နေတဲ့အချိန် သူတို့က အမဲဖျက်နေတဲ့နေရာ ဝင်စီးတယ်။ ပွဲချင်းပြီး တစ်ယောက်သေသွားတယ်။ ကျန်တဲ့ချင်းအမျိုးသား အားလုံးက ထွက်ပြေးကြတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဓားစားခံအဖြစ် ဖမ်းဆီးခံရသူများထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများလည်း ပါဝင်ပြီး ယင်းအနက်မှ စစ်ရှောင်အမျိုးသား ၇ဦးကို စစ်ကောင်စီတပ်က ရွေးထုတ်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat
ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – CDF – Mindat

ယမန်နေ့ (နိုဝင်ဘာ ၁၀ရက်)တွင် စစ်ကောင်စီတပ်များထီးလင်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားရာ ၎င်းတို့နှင့်အတူ စစ်ရှောင်အမျိုးသားတစ်ဦးကိုသာ ခေါ်ဆောင်သွားကြောင်း တွေ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ပြန်ဆုတ်သွားပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ စစ်ကောင်စီတပ် လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့သည့် အလောင်းမီးရှို့ရာနေရာအား တွေ့ရှိပြီး စစ်ဆေးရာ အလောင်းများကို မီးရှို့ပြီး ကျန်အရိုးစုများကိုလည်း ကြေမွ အောင် ထုချေ ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

“သူတို့ပြန်သွားတဲ့အချိန် ကျွန်တော်တို့ ကြည့်လိုက်တော့ စစ်ရှောင်က တစ်ယောက်ပဲဖြစ်နေတာ။ ဆိုတော့သူတို့ ဖမ်းသွားတာ ၇ယောက်၊ တစ်ယောက်ပဲဆိုတော့ ခြောက်ယောက်ရယ်၊ ဒေသခံ က နီးစပ်ရာ ရွာတွေရောတောတွေရော ရှာတော့ ၂ယောက်ကလည်းပျောက်နေတယ် ဆိုတော့ ဒေသခံက ဆုံးသွားတဲ့ အမျိုးသားတစ်ယောက်ရယ်၊ ပျောက်နေတဲ့ ဒေသခံနဲ့ဆို ချင်းလူမျိုးက သုံးယောက် ၊ ယောနယ်က ၆ယောက် အားလုံး ပေါင်း ၉ယောက်က သူတို့ လူမဆန်စွာ နှိပ်စက်ပြီး သတ်တယ်လို့ ယူဆတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CDF - Mindat
ဓားစာခံအမျိုးသားအား သတ်ဖြတ်သွားသည်ဟု ယူဆရသော နေအိမ်နှင့် ရုပ်အလောင်းအား မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – CDF – Mindat

ထိုသို့ အလောင်းမီးရှို့သတ်ဖြတ်ပြီး အရိုးများကို ထုချေသွား၍ မိသားစုက နာရေးပြုလုပ်ရန်ပင် ခက်ခဲ့ဟု ၎င်းက ဆိုသည်။

အဆိုပါ ကျေးရွာကို မင်းတပ် CDFက ဝိုင်းထားသော်လည်း စစ်ကောင်စီတပ်က ရွာသားများကို ဓားစားခံဖမ်းထား၍ ဖမ်းဆီးခံထားရသည့် ပြည်သူများကို ငဲ့ပြီး ဝင်ရောက် မတိုက်ခိုက်နိုင်ခဲ့ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကိုယ့်နယ်ထဲကို ယုံကြည်စိတ်ချစွာလာပေမယ့် ကျနော်တို့ဘက်က မစောင့်ရှောက်ပေးခဲ့နိုင်လို့ ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်လာရောက်သည့်နေ့တွင် မင်းတပ် CDF၏ စနိုက်ပါ စစ်သည်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည် ဟုလည်း ဆလိုင်းဟာအွမ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။