Connect with us

Hi, what are you looking for?

သတင်း

ယောဒေသကာကွယ်ရေးတပ်မှ အဖွဲ့ဝင်နှစ်ဦးက အိမ်နှင့်လယ်ပေါင်ပြီး ရန်ပုံငွေ ချေးယူထား၍ ပြန်ဆပ်ရန် လိုအပ်သည့်ငွေကြေး ကူညီပေးကြရန် အကူအညီတောင်းခံ

အောက်တိုဘာ ၁၃ရက်က စာချုပ်ချုပ်ဆိုခဲ့ပြီး ယခု နိုဝင်ဘာ ၁၁ရက်တွင် တစ်လပြည့်မည်ဖြစ်သည်။ ယခုအခါ ယင်းချေးငွေ ပြန်ဆပ်ရန် အခက်အခဲရှိနေသည်ဟု The Youth Force (Saw&Kyaukhtu) တပ်ရင်း(၁) တပ်ရင်းမှုး ဗိုလ်နှုတ်ခမ်းမွှေးကပြောသည်။

(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)
(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)

ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ တပ်ဖွဲ့ဝင်နှစ် ဦးက ၎င်းတို့ပိုင် အိမ်နှင့်လယ်ကို ပေါင်ကာ တပ်ဖွဲ့အတွက် ရန်ပုံငွေချေးယူခဲ့ပြီး ယခုအခါပြန်ဆပ်ရန် ငွေကြေးလိုအပ် လာ၍ ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန် အကူအညီတောင်းခံ သည်။

The Youth Force (Saw&Kyaukhtu) တပ်ရင်း (၁)မဗ တပ်ရင်းမှုးနှင့် ဒုတပ်ရင်းမှူးက ဒေသခံတစ်ဦးထံမှ ကျပ်သိန်း ၈၀ကို ချေးယူခဲ့ပြီး တစ်လအတွင်း ပြန်မဆပ်နိုင်ပါက ၎င်းတို့၏ အိမ်နှင့်လယ် ကို ပေးအပ်မည်ဟု စာချုပ်ချုပ်ဆိုထားခြင်းဖြစ် သည်။

(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)
(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)

အောက်တိုဘာ ၁၃ရက်က စာချုပ်ချုပ်ဆိုခဲ့ပြီး ယခု နိုဝင်ဘာ ၁၁ရက်တွင် တစ်လပြည့်မည်ဖြစ်သည်။ ယခုအခါ ယင်းချေးငွေ ပြန်ဆပ်ရန် အခက်အခဲရှိနေသည်ဟု The Youth Force (Saw&Kyaukhtu) တပ်ရင်း(၁) တပ်ရင်းမှုး ဗိုလ်နှုတ်ခမ်းမွှေးကပြောသည်။

“ကျွန်တော်က ကျွန်တော့်အိမ်ပေါင်တယ်။ ဒုတပ် ရင်းမှူးက သူလယ်ဂရန်ကိုပေါင်တယ်။ တပ်ဖွဲ့အတွက် တကယ်လိုလို့ လုပ်သင့်တာ လုပ်ခဲ့ကြတာပါ။ ချေးပေးသူကလည်း ပြည်သူထဲက ပြည်သူပဲ။ ပြန်ဆပ်ဖို့လိုအပ်လာလို့ ပြည်သူတွေအားနဲ့ ကူညီပေးစေချင်ပါတယ်ဗျ”ဟု ဗိုလ်နှုတ်ခမ်းမွှေးက ပြောသည်။

Public Service Announcement

Public Service Announcement

ချေးယူခဲ့သည့် ကျပ်သိန်း ၈၀အနက်မှ စစ်ကောင် စီတိုက်ခိုက်ရေး မစ်ရှင်များအတွက် ဆိုင်ကယ်အဟောင်း ၂၄သိန်းဖိုးဝယ်ခဲ့ပြီး တပ်ဖွဲ့အတွက် စက်သုံးဆီ ၂၁သိန်းကျော် ၊ ကျန်ငွေကို ကျည်ဆန် များဝယ်ယူခဲ့သည်ဟု ဗိုလ်နှုတ်ခမ်းမွှေးက ရှင်းပြသည်။

ငွေထုတ်ချေးသူကလည်း အကျိုးအမြတ်ယူ၍ ချေးခြင်းမဟုတ်ဘဲ ပြည်သူတစ်ဦးအနေဖြင့် ကူညီခြင်းဟု ဆိုသည်။

(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)
(ယောဒေသမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ The Youth Force (Saw&Kyaukhtu)မှ ရဲဘော်များအား တွေ့ရစဉ်)

“ကျွန်တော်တို့ အလဟသ မသုံးခဲ့ပါဘူး။ အခြားအခက်အခဲတွေလည်း ရှိနေတော့ အချိန်မီပြန်မဆပ်နိုင်မှာစိုးလို့ ပြည်သူ့ဆီ အကူအညီတောင်းတာပါ။ကျွန်တော်တို့မှာ အားကိုးအားထားစရာ ပြည်သူတွေပဲ ရှိပါတယ်”ဟု The Youth Force (Saw&Kyaukhtu)မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၏ တပ်ရင်းတပ်ဖွဲ့အဖြစ် လျှောက်ထားဆဲဖြစ်သောThe Youth Force (Saw&Kyaukhtu)သည် ယောဒေသ စစ်အာဏာရှင်တော်လှန်တိုက်ခိုက်ရေးတွင် နာမည်ကြီးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည်။

လိုအပ်သော ငွေကြေးကို ထောက်ပံ့ပေးမည့် ပြည်သူများအနေဖြင့် The Youth Force (Saw&Kyaukhtu)၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/TheYouthForce 2022 သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။

သတင်း

စစ်​ကောင်စီက ယောဒေသတွင် စိုးမိုးနိုင်ရေးအတွက် လေကြောင်းကိုသုံး၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်နှင့် လုံခြုံရေးအန္တရာယ်သတိပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကသတိပေးသည်။

သတင်း

ပြည်သူများလေကြောင်းရန် အလေးထားပြင်ဆင်ကြရန် YDF တိုက်တွန်း

သတင်း

မကွေးတိုင်း၊ယောဒေသတွင်း စစ်ရေးအရှိန်မြှင့်တော့မည်ဖြစ်၍ ပြည်သူများစစ်ဘေးအန္တရာယ်ကို ပြင်ဆင်ချိန်ရောက်ပြီဟု ယောကာကွယ်ရေးတပ်(YDF)က ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် အသိပေးကြေညာသည်။