Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရွာတွင် တိုက်ပွဲဖြစ်

ဒေါငံခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့(နိုဝင်ဘာ ၁၃ရက်) နံနက် ၁၁နာရီခန့်ကစ၍ ၁နာရီကျော်ကြာ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၂)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်)
(အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၂)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း အလယ်ပိုင်းတိုင်းဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းက ထုတ်ပြန်သည်။

ဒေါငံခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့(နိုဝင်ဘာ ၁၃ရက်) နံနက် ၁၁နာရီခန့်ကစ၍ ၁နာရီကျော်ကြာ သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မျက်မြင် နှစ်ကောင်သေတယ်ဆိုတာ အတည်ပြုနိုင်တယ်။တိုက်ပွဲက ၁နာရီကျော်အထိ ပြင်းထန်ခဲ့ပြီး စခဘက်က လက်နက်ကြီးပစ်ကူ အဆမတန်ပေးနေလို့ ပြန်ဆုတ်ခဲ့တယ်”ဟု အမှတ် (၁၁၀၂)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ဒေါငံခါးကျေးရွာအတွင်းရှိ ပြည်သူလူထုနေအိမ် များ အပါအဝင် စစ်ကောင်စီက အင်အား ၄၀ခန့်ဖြင့် တပ်စွဲထားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါငံခါးကျေးရွာသည် KNDFနှင့် နယ်မြေခံ PDF တပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေဖြစ်ခဲ့ဖူးသည်။

သို့သော် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ သာလွန်အင်အား ထိုးစစ်များအသုံးပြု၍ ၂၀၂၂ မတ်လတွင် ဒေါငံခါးကျေးရွာကို ထိန်းချုပ်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ်စွဲနေသည့် ဒေါငံခါးကျေးရွာကို အခြေပြု၍ ယခုနှစ်လယ်ပိုင်းကစ၍ ကရင်နီပူးပေါင်းတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက် လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။