Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက တပ်မသုံးခုပေါင်း စစ်ကြောင်းထိုးနေ၍ ကျောက်ထု-ပခုက္ကူလမ်းပိုင်း ယာယီပိတ်

ယနေ့(နိုဝင်ဘာ ၁၅ ရက်)ကစ၍ အဆိုပါ လမ်းပိုင်းကို အသုံးပြုခြင်းခေတ္တရပ်နားပေးထားရန်နှင့် သေရေး၊ ရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါက ဆက်သွယ်ရန်လည်း အထူးသတိပေးထားသည်။

(စစ်ကောင်စီတပ်က မီးရှို့နေသော လက်ပန်းရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ -ကျောက်ထု PDF)
(စစ်ကောင်စီတပ်က မီးရှို့နေသော လက်ပန်းရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ -ကျောက်ထု PDF)

စစ်ကောင်စီက တပ်မသုံးခုပူးပေါင်းပြီး စစ်ကြောင်းထိုးနေ၍ ကျောက်ထု-ပခုက္ကူလမ်းပိုင်းကို အသုံးမပြုရန် ကျောက်ထု PDFက သတိပေး ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၁၅ ရက်)ကစ၍ အဆိုပါ လမ်းပိုင်းကို အသုံးပြုခြင်းခေတ္တရပ်နားပေးထားရန်နှင့် သေရေး၊ ရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါက ဆက်သွယ်ရန်လည်း အထူးသတိပေးထားသည်။

Public Service Announcement
Public Service Announcement

“အခုထိုးနေတဲ့စစ်ကြောင်းက တပ်မ (၅၅) ၊ (၁၁) နဲ့ (၁၀၁)တွေအပြင် ပျူတွေပါ ပါတယ်။အင်အားက ၁၀၀လောက်ရှိမယ်။အခု ပဆုပ်ကျေးရွာကို မီးတင်ရှို့နေတယ်လို့ သတင်းရတယ်”ဟု ကျောက်ထု PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ကျောက်ထုအမြောက်တပ်မှလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေ သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများ အားလုံးအထူးဂရုစိုက်၍ လက်နက်ကြီးဒဏ်ခံနိုင်မည့် နေရာများတွင်နေ ထိုင်ပေးကြရန်တိုက်တွန်းသည်။

ယခုလ ၈ ရက်ကစ၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ ပေါက်တော၊လက်ပန်းနှင့် ပဆုပ် ကျေးရွာများသို့ ဝင်ရောက် ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးခံရသည့် ပြည်သူအချို့လည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။