Connect with us

Hi, what are you looking for?

သတင်း

ကရင်နီဒေသ၌ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်တိုက်ခိုက်၍ ယခုလဝက်အတွင်း ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၃၀ခန့် ဒဏ်ရာရဟု KSCC အသိပေး

ဖရူဆိုမြို့နယ်တွင် လူနေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး ဖယ်ခုံတွင်လူနေအိမ် ခုနစ်လုံး နှင့် အရပ်သား ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား နှုတ်ဆိတ်မနေဘဲ အရေးယူရန် နိုင်ငံတကာအား တိုက်တွန်း

ကရင်နီပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သည်လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ နေထိုင်ရာနေရာများသို့ ဦးတည်၍ ပစ်မှတ်ထား တိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိရာ ယခု နိုဝင်ဘာလဝက်အတွင်း ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၂၈ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)က ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ အရပ်သား ပြည်သူများ စစ်ရှောင်များ နေထိုင်ရာသို့ ပစ်မှတ်ထား လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းသည် လူ့အခွင့်အရေးများကို ချိုးဖောက်နေသည့်အပြင် လွန်စွာမှ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့် လုပ်ရပ်များ ဖြစ်သည့်အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားသည်။

ကရင်နီဒေသ၌ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်တိုက်ခိုက်၍ ယခုလဝက်အတွင်း ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၃၀ခန့် ဒဏ်ရာရဟု KSCC အသိပေး
ကရင်နီဒေသ၌ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်တိုက်ခိုက်၍ ယခုလဝက်အတွင်း ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၃၀ခန့် ဒဏ်ရာရဟု KSCC အသိပေး

နိုင်ငံတကာ သံတမန်များသည်လည်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှုတ်ဆိတ်မနေဘဲ လူသားခြင်း စာနာမှုဖြင့် ထိရောက်သော အရေးယူမှုများ ပိတ်ဆို့ ဒဏ်ခတ်မှုများကို လုပ်ဆောင်ရန် KSCCက တိုက်တွန်းခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီ၏ အရပ်သားပြည်သူများ နေထိုင်ရာသို့ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်မှုကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်ရှိ ပြည်သူလူထုများ ထိခိုက်မှုရှိခဲ့သည်ဟုဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် နိုဝင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း လွိုင်ကော်မြို့တွင် လူနေအိမ် ၃၈လုံး ပျက်စီးခဲ့ပြီး အရပ်သား ပြည်သူ ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒီးမော့ဆိုမြို့နယ်တွင် လူနေအိမ် ၁၃လုံး ပျက်စီးခဲ့ပြီး အရပ်သား ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရကာ ၁ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်တွင် လူနေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး ဖယ်ခုံတွင်လူနေအိမ် ခုနစ်လုံး နှင့် အရပ်သား ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးမှုများတွင် ကလေးငယ်များ ပါဝင်နေကြောင်း KSCCက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။