Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလွတ်ငြိမ်း မနေ့ညပိုင်းအထိ နိုင်ကျဉ်း ၅၃ ဦးသာပါဝင်

လွတ်မြောက်လာသူဦးရေ အတိအကျနဲ့ အမည်စာရင်း ချက်ချင်းရဖို့ လက်လှမ်းမမီနိုင်တဲ့အတွက် အတည်ပြုနိုင်မယ့်စာရင်းတွေကိုဆက်လက်အသိပေးသွားမယ်လို့လည်း AAPP က ပြောပါတယ်။

အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး
အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး

အကျဉ်းသား ၆၀၀၀ နီးပါးလွှတ်လိုက်တဲ့ စစ်ကောင်စီ ရဲ့လွတ်ငြိမ်း မှာ နိုင်ငံရေးအကျဉ်းသားဟာ ၅၃ ဦး သာ လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ပါတယ်။

မနေ့က စာရင်းအထိ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅၃ ဦးသာ မှတ်တမ်းတင်နိုင်တယ်လို့ AAPP က ဆိုထားပါတယ်။

လွတ်မြောက်လာသူဦးရေ အတိအကျနဲ့ အမည်စာရင်း ချက်ချင်းရဖို့ လက်လှမ်းမမီနိုင်တဲ့အတွက် အတည်ပြုနိုင်မယ့်စာရင်းတွေကိုဆက်လက်အသိပေးသွားမယ်လို့လည်း AAPP က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကနေ မနေ့က နိုဝင်ဘာလ ၁၇ ရက်အထိ လပေါင်း ၂၁ လကျော် အတွင်း စစ်ကောင်စီ ဖမ်းဆီး ချုပ်နှောင်ထားသူဟာ ၁၂၉၇၆ဦးရှိတယ်လို့ AAPP ရဲ့စာရင်းအရသိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က လွတ်ငြိမ်းမှာဆိုရင်လည်း စစ်ကောင်စီဟာ ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားအချို့ကိုသာ လွှတ်ပေးပြီး ကျန်တဲ့ လွတ်မြောက်လာသူတွေဟာ ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။