Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေ၊ ၁၅ဦးထက်မနည်းဒဏ်ရာရပြီး ကစဉ့်ကလျားထွက်ပြေးသွားဟု AA အသိပေး

AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

မောင်တောမြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေ၊ ၁၅ဦးထက်မနည်းဒဏ်ရာရပြီး ကစဉ့်ကလျားထွက်ပြေးသွားဟု AA အသိပေး
မောင်တောမြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးသေ၊ ၁၅ဦးထက်မနည်းဒဏ်ရာရပြီး ကစဉ့်ကလျားထွက်ပြေးသွားဟု AA အသိပေး

▪️စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ် ထားတိုက်ခိုက်နေ၍ ဗုံးခိုကျင်းနှင့်ဘေးလွတ်ရာ၌ နေထိုင် ရန် AA တိုက်တွန်း

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း၌ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ဦး သေဆုံးကာ ၁၅ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု AAက ထုတ်ပြန်သည်။

ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများမှာ ရက္ခိုင် ပြည်၊ မောင်တောမြောက်ပိုင်းတွင် အဓိက ဖြစ်ပွားလျက်ရှိနေကြောင်း၊ စစ်ကောင်စီတပ် များသည် လွန်ခဲ့သောလများအတွင်း ဆုံးရှုံးသွားခဲ့ရသော ၎င်းတို့၏ စခန်းများနှင့် ၎င်းတို့စွန့်လွှတ် ထားခဲ့သော စစ်ရေးအရ အချက်အချာကျသည့်စခန်းများကို ပြန်လည်ရယူရန်အတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ကြိုးပမ်းနေ၍ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း၊ လက်ပံတောင်ပတ်ဝန်းကျင်နှင့် ဝေလာတောင်တန်း ပတ်ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

နိုဝင်ဘာ ၁၈ရက်တွင် စစ်ကောင်စီ၏ တပ်မ(၇၇) လက်အောက်ခံ တပ်များသည် AAတပ်ဖွဲ့များရှိရာ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင် ရွာဘက်သို့ ထိုးစစ်ဆင်လာ၍ နေ့လယ် ၁၂နာရီမှစတင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ၄နာရီခန့် ကြာမြင့်ခဲ့ပြီး တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းသည် ကစဥ့်ကလျားထွက်ပြေးခဲ့ရကြောင်း၊ အဆိုပါ တပ်ရင်းမှ ၁၀ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅ဦးအထက်ရှိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲ၌ AAဘက်မှလည်း တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ လက်နက် ကြီးများ၊ အတွဲလိုက်ဒုံးများပါ အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ယခင်ရက်များကလည်းဂျက်တိုက်လေယာဉ်များဖြင့် လာရောကတိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားရာဒေသကို AAက ထိန်းထားနိုင်ဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကိုလည်း လေကြောင်းမှ တိုက်ခိုက်ခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းလုပ်ဆောင်ခဲ့ပြီး AAတပ်ဖွဲ့ဝင်များကိုသာမက အရပ်သားများကိုပါ ပစ်မှတ်ထားကာ ခပ်စိပ်စိပ် တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်က ရခိုင်ဒေသနှင့် ပလက်ဝဒေသများသို့ စစ်လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် တိုးမြှင့်ပြုလုပ်နေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု အသိပေးထားပြီး ပြည်သူများအနေဖြင့် လက်နက်ကြီး ပစ်ခတ်သံများ၊ တိုက်ပွဲဖြစ်ပွားသံများကြားပါက ဗုံးခိုကျင်းများနှင့် လက်နက်ကြီးလွတ်ရာနေရာများ၌ နေထိုင်ကြရန် AAက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်