Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တိုက်ပွဲ​​သေဆုံးခဲ့​သောတပ်ရင်းမှူးမှာမင်း​အောင်လှိုင် မိသားစုကိုယ်ရံ​တော်​လုပ်ခဲ့ဖူးပြီး အ​လောင်းကိုရဟတ်ယာဉ်ဖြင့်သယ်

နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

(အင်း​တော် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-IR)
(အင်း​တော် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၊နှစ်ပွင့်ဗိုလ် အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း အသိပေးခဲ့ပြီး တပ်ရင်းမှူး ၏ အလောင်းကိုသာ အဝတ်စိမ်းပတ်၍ ယမန်​နေ့ ညနေပိုင်း၌ ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားသို့ သယ်သွားသည်ဟု သိရသည်။

“အင်းတော်မြို့နားမှာရှိတဲ့ ရိက္ခာကုန်းက အဲဒီ လက်နက်ကုန်းက တောထဲဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေတာ။ အဲဒီ စစ်ကြောင်းလည်း ရိက္ခာကုန်းနားမှာပဲ။မနေ့တုန်းက ရဟတ်ယာဉ်နဲ့အလောင်းသယ်သွားတယ်။ လုံခြုံရေးချပြီး ရဟတ်ယာဉ်နဲ့ သယ်သွားတာ။ ကျနော်တို့ သိတယ်ဆိုတာက အတွင်းလူ အတွင်းဖရဲသီးပေးတာ” ဟုအင်းတော်PDF ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်မှ သေဆုံးခဲ့သည့် တပ်ရင်းမှူးမှာ ဟိုပင်မြို့ တကွင်းရွာမှ ထိန်လင်းစံဆိုသူဖြစ်သည်ဟုလည်းသိရသည်။

“သေတဲ့ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက်တပ်။သူ့ဇာတိက ဟိုပင်မြို့နယ် တကွင်းရွာက ။နာမည်က ထိန်လင်းစံ။သူက ပထမ မပခတိုင်းမှာနေတယ်၊ပြီးတော့ တရုတ်နယ်စပ်ကန်ပိုင်တီမှာ ဒုရင်းမှူးကိုင်တယ်၊ နောက်ကျ မင်းအောင် လှိုင်အိမ်မှာ မိသားစုလုံခြုံရေးကိုယ်ရံတော်အဖြစ်နဲ့ ရောက်သွားတာကြာပြီ အခုတပ်ရင်းမှူးအဖြစ်နဲ့အင်းတော်ပါလာတာ။မနေ့က ညနေပိုင်းကပဲ သူ့အလောင်းကို လေယာဥ်နဲ့ မြစ်ကြီးနားကို သယ်သွားခဲ့ရတယ်”ဟု IR တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အထိနာခဲ့သော စစ်ကောင်စီစစ်ကြောင်းမှာ ဆက်လက် ထိုးစစ်ဆင်ခြင်းမရှိတော့ဘဲ ၎င်းတို့အထိုင် တပ်စွဲထားသည့် နေရာသို့ တပ်ဆုတ်ခဲ့ရကြောင်း လည်း သိရသည်။

အင်းတော်မြို့၏ အရှေ့မြောက်ဘက်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ရိက္ခာကုန်းအဖြစ် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ယနေ့တွင် တိုက် ပွဲဖြစ်ပွားရာ နေရာများအနီးသို့ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိနေကြောင်းလည်း IR က အသိပေးသည်။

“စစ်ရေးကတော့ တစ်နိုင်ငံလုံးအနေနဲ့ ပြင်းထန်လာနိုင်တယ်။ အင်းတော်မြို့အပါအဝင်ပေါ့။” ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။