Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမဖြစ်ဘဲ ကျွန်းလှမြို့နယ် ခဝါသည်ရွာကို စစ်ကောင်စီတပ် ယနေ့ မီးရှို့နေ

စစ်ကောင်စီတပ်က ကျွန်းလှ – ကန့်ဘလူအပါအဝင် ဒေသအသီးသီးရှိ ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယင်းသို့လုပ်ဆောင် ခြင်းသည် ပြည်သူကို အကြောက်တရား ပေးလို၍ဟုမြင်ကြောင်း ကျွန်းလှဒေသခံက ပြောသည်။

တိုက်ပွဲမဖြစ်ဘဲ ကျွန်းလှမြို့နယ် ခဝါသည်ရွာကို စစ်ကောင်စီတပ် ယနေ့ မီးရှို့နေ
တိုက်ပွဲမဖြစ်ဘဲ ကျွန်းလှမြို့နယ် ခဝါသည်ရွာကို စစ်ကောင်စီတပ် ယနေ့ မီးရှို့နေ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့မွန်းလွဲပိုင်း၌ မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

အင်အား ၃၀၀ခန့် ပါ စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၁ရက် မွန်းလွဲ ၃နာရီ ၁၉မိနစ်တွင် ခဝါသည်ရွာကို စတင်မီးရှို့နေကြောင်း၊ ခဝါသည်ရွာအနီးအနားရှိ ရွာများ၊ ကျွန်းလှတန့်ဆည်မြို့နယ် အစပ်မှ ကျေးရွာများမှ ဒေငခံပြည်သူစုစုပေါင်း တစ်သောင်းခန့် ဘေးလွတ် ရာသို့ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

“တိုက်ပွဲလည်း မရှိဘူး ထိတွေ့မှုလည်းမရှိဘူးဗျ။ ဒီအတိုင်းပဲ မနေ့က ညောင်ကိုင်းရွာထဲမှာ တစ်ညအိပ်တယ်၊တန်ဖိုးရှိတာတော့ အကုန်ရှာ‌ ဖွေခိုးယူတာတွေတော့လုပ်တယ်ဗျ၊ မီးတော့မရှို့သွားဘူး၊ဒီနေ့ ခဝါသည်ရွာကိုဝင်တော့ မီးရှို့တော့တာပဲ”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က ကျွန်းလှ – ကန့်ဘလူအပါအဝင် ဒေသအသီးသီးရှိ ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယင်းသို့လုပ်ဆောင် ခြင်းသည် ပြည်သူကို အကြောက်တရား ပေးလို၍ဟုမြင်ကြောင်း ကျွန်းလှဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က ပြည်သူကိုအကြောက်တရားပေးချင် တာလို့ပဲမြင်ပါတယ်ဗျ၊အဲ့ဒီရွာ‌တွေမှာ ဘယ်တော်လှန်ရေးအဖွဲ့မှ မရှိဘူး၊ဘာမှမလုပ်လဲ တစ်ရွာဝင်တစ်ရွာထွက် မီးရှို့၊ခိုးယူ၊ပြည်သူ‌ေတွကို ဖမ်းပြီး သတ်ဖြတ်ပြနေတာပါ၊သူတို့အဲ့လို လူမဆန်တဲ့ လုပ်ရပ်တွေလုပ်ပြလေ ပြည်သူတွေက မျက်စိနားပိုပွင့်လာလေလို့ပဲ မြင်ပါတယ်”ဟု ကျွန်းလှဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အင်းတော်မြို့နယ်၌ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ကသာမြို့နယ်၌ လေကြောင်းမှ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သက်ဆိုင်ရာဒေသရှိ အဖွဲ့အစည်းများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။