Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ် ချပ်သင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

နိုဝင်ဘာ ၂၂ရက် နံနက် ၉နာရီခန့်က ကန့်ဘလူမြို့ နယ်၊ ချပ်သင်းရွာမှ အင်အား၃၀ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လှဲပွဲရွာဘက်သို့ စစ်ကြောင်းထိုးလာရာ နေ့လယ် ၁နာရီခန့်တွင် ဆားကျင်းသုဿန်အနီး၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကန့်ဘလူနယ် ချပ်သင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ
ကန့်ဘလူနယ် ချပ်သင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာမှထွက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်က အသိပေးသည်။

နိုဝင်ဘာ ၂၂ရက် နံနက် ၉နာရီခန့်က ကန့်ဘလူမြို့ နယ်၊ ချပ်သင်းရွာမှ အင်အား၃၀ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လှဲပွဲရွာဘက်သို့ စစ်ကြောင်းထိုးလာရာ နေ့လယ် ၁နာရီခန့်တွင် ဆားကျင်းသုဿန်အနီး၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ချပ်သင်းမှာအထိုင်ချတဲ့ စကစတွေက အရင် ဆုံးချပ်သင်းရဲ့ တောင်ဘက်ကို ထွက်တယ်။ တောင်ဘက်က ဘာတွေရှိလဲဆိုတော့ လှဲပွဲပေါ့။ ချပ်သင်းနဲ့လှဲပွဲကြား အဲဒီရှေ့နားမှာ ဆားကျင်းရွာရှိတယ်။ ဆားကျင်းရွာနဲ့ လှဲပွဲကြားမှာ သင်္ချိုင်းကုန်းရှိတယ်။ သူတို့က ရွာတွေကို မွှေမလို့လာတာပေါ့။ လာတဲ့အချိန် ကျွန်တော်တို့ ဒေသခံ(ပကဖ) တွေက တူမီးတွေဘာတွေနဲ့ တိုက်ခိုက်တာပေါ့”ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

၄၅မိနစ်ခန့် ကြာမြင့်သည့် ထိတွေ့မှုအတွင်း စစ်ကောင်စီဘက်မှ သုံးဦးပွဲချင်းပြီး သေဆုံးကာ ရှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

ဒေသခံ PDFတာဝန်ရှိသူကလည်း “ထိခိုက်တာက ကိုယ့်ဘက်က ထိခိုက်မှုမရှိဘူး ။သူတို့ဘက်က ထိခိုက်မှုက ၈ယောက်လောက် ရှိတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်ကို ခုခံရာတွင် လက်လုပ်တူမီးများကိုသာ အားကိုးနေ့ရ၍ လက်နက်အင်အား ဖြည့်တင်းနိုင်ပါက စစ်ကောင်စီကို ပိုမိုခုခံတိုက်ခိုက်နိုင်မည်ဟု ၎င်းက ဆိုသည်။

“သူတို့ စကစက တခါတလေကျရင် ကျွန်တော်တို့ဘက်လာရင် ရှိတဲ့ တူမီးလေးတွေနဲ့ ခုခံကာကွယ် နေရင်းနဲ့ အနီးအနားမှာရှိတဲ့ အခြားနယ်က PDFတွေက လာပြီးအကူအညီပေးတဲ့အချိန်မျိုးကျရင်တော့ သူတို့ အနေနဲ့ ကြောက်တာပေါ့။ ပြန်ပြီးတော့ ပြန်ဆုတ်သွားတာ ရှေ့ဆက်မတိုးရဲဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ဘက်တွေကိုလည်း အမြန်ဆုံးလက်နက်အင်အား အကူအညီတွေ လိုအပ်တာပေါ့။ အတက်နိုင်ဆုံးပေါ့”ဟု ချပ်သင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။