Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – မြင်းခြံလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါ အဝင် ထိခိုက်သေဆုံးမှုများဟုဆို

ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတင်ရသူ ရှစ်ဦးအနက် ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသည်ဟု သတင်းရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။

တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-နဂါးနီ
တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-နဂါးနီ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန္တလေး-မြို့သာ-မြင်းခြံလမ်းပေါ်တွင် စစ်ကောင်စီယာဥ် နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ထိခိုက်သေဆုံးသူများရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တာဝန်ခံက ပြောကြားသည်။

နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီ ၃၅မိနစ်ခန့်က မြင်းခြံမြို့နယ်၊ နတ်ကြိုတောရွာမှ ထွက်လာသည့် အင်အား ၂၀ခန့်ပါ ဒိုင်နာယာဥ် တစ်စီးနှင့် ကင်ဒါကား တစ်စီးတို့အား မြင်းခြံ – မန္တလေး ကားလမ်းမပေါ် ထိန်ပန်းပေါက်ရွာအနီးတွင် မိုင်း(၁၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ပြောသည်။

ထို့အပြင် ယာဥ်နှစ်စီးလုံး တည့်တည့်မှန်ပြီး ကားဘီးများပါ ပွင့်ထွက်သွားသည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတင်ရသူ ရှစ်ဦးအနက် ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသည်ဟု သတင်းရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။

Public Service Announcement

Public Service Announcement

“အဲလမ်းတွေက အမြဲတမ်းမကြာမကြာကူးနေတာပါ။ သိတယ် သိပ်မကြာဘူးပေါ့ အလုပ်ဖြစ်မယ်ဆိုပြီး ကျွန်တော်တို့ ရက်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပါတယ်။ အချိန်ကလဲ ည ၉နာရီ၃၅မိနစ်မှာ ပွိုင့်ထဲဝင်လာတာနဲ့ ခွဲချလိုက်တာပါ။ ငယ်သံပါပြီး မောင်းမောင်းမောင်းနဲ့ငိုသံကြီးနဲ့ တရွေ့ရွေ့ဆက်မောင်းသွားပါတယ်ဗျ။ အသေကတော့ ဗိုလ်ကြီးအပါဝင် ၃ဦး ပါ။ ကျန်တဲ့၅ယောက်ကတော့ ဆေးကုနေတယ်လို့သိရပါတယ်။”ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။

ယင်းညက မိုင်းဆွဲခံရသည့် စစ်ကောင်စီယာဥ်နှစ်စီးမှာ အဓမ္မချောဆွဲလာခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းသူများကိုပါ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

မြင်းခြံမြို့နယ်သည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး စစ်အုပ်စုကလည်း ဒေသခံများအား နေအိမ်ချိတ်ပိတ်ခြင်း၊ ပစ္စည်းများ အဓမ္မသိမ်းယူခြင်း၊ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။