Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး – မြင်းခြံလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါ အဝင် ထိခိုက်သေဆုံးမှုများဟုဆို

ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတင်ရသူ ရှစ်ဦးအနက် ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသည်ဟု သတင်းရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။

တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-နဂါးနီ
တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-နဂါးနီ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန္တလေး-မြို့သာ-မြင်းခြံလမ်းပေါ်တွင် စစ်ကောင်စီယာဥ် နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ထိခိုက်သေဆုံးသူများရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တာဝန်ခံက ပြောကြားသည်။

နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီ ၃၅မိနစ်ခန့်က မြင်းခြံမြို့နယ်၊ နတ်ကြိုတောရွာမှ ထွက်လာသည့် အင်အား ၂၀ခန့်ပါ ဒိုင်နာယာဥ် တစ်စီးနှင့် ကင်ဒါကား တစ်စီးတို့အား မြင်းခြံ – မန္တလေး ကားလမ်းမပေါ် ထိန်ပန်းပေါက်ရွာအနီးတွင် မိုင်း(၁၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ပြောသည်။

ထို့အပြင် ယာဥ်နှစ်စီးလုံး တည့်တည့်မှန်ပြီး ကားဘီးများပါ ပွင့်ထွက်သွားသည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတင်ရသူ ရှစ်ဦးအနက် ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသည်ဟု သတင်းရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။

Public Service Announcement

Public Service Announcement

“အဲလမ်းတွေက အမြဲတမ်းမကြာမကြာကူးနေတာပါ။ သိတယ် သိပ်မကြာဘူးပေါ့ အလုပ်ဖြစ်မယ်ဆိုပြီး ကျွန်တော်တို့ ရက်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပါတယ်။ အချိန်ကလဲ ည ၉နာရီ၃၅မိနစ်မှာ ပွိုင့်ထဲဝင်လာတာနဲ့ ခွဲချလိုက်တာပါ။ ငယ်သံပါပြီး မောင်းမောင်းမောင်းနဲ့ငိုသံကြီးနဲ့ တရွေ့ရွေ့ဆက်မောင်းသွားပါတယ်ဗျ။ အသေကတော့ ဗိုလ်ကြီးအပါဝင် ၃ဦး ပါ။ ကျန်တဲ့၅ယောက်ကတော့ ဆေးကုနေတယ်လို့သိရပါတယ်။”ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။

ယင်းညက မိုင်းဆွဲခံရသည့် စစ်ကောင်စီယာဥ်နှစ်စီးမှာ အဓမ္မချောဆွဲလာခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းသူများကိုပါ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

မြင်းခြံမြို့နယ်သည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး စစ်အုပ်စုကလည်း ဒေသခံများအား နေအိမ်ချိတ်ပိတ်ခြင်း၊ ပစ္စည်းများ အဓမ္မသိမ်းယူခြင်း၊ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။