Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးသေဒဏ်ချခံရ

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ အသိပေးပါတယ်။ စစ်ကောင်စီရဲ့ မတရားပြစ်ဒဏ်ချမှတ်ခြင်းခံရတဲ့ ကျောင်းသား ၇ ဦးမှာ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး နဲ့ ကိုခန့်လင်းမောင်မောင်တို့ဖြစ်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ကျောင်းသား ၇ ဦးကို မနေ့က စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်တွင်း အထူးစစ်ခုံရုံးက ပုဒ်မ ၃၀၂(က)မတရားစွပ်စွဲကာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်က ရန်ကုန်မြို့ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရကာ သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ကျောင်းသားခုနစ်ဦးကို ပတ်သက်မှုရှိတယ်လို့ စွပ်စွဲဖမ်းခံရတာလို့ ကျောင်းသားအသိုင်းအဝိုင်းမှ သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအားသေဒဏ်ချခံရ
ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအားသေဒဏ်ချခံရ

▪︎သေဆုံးသူအ​လောင်းတွေကို စစ်ကောင်စီ စွန့်ပစ်ခဲ့လို့ MNDAA က​​မြေမြှပ်ပေး

မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်ရှိ ကိုးကန့် တပ်မတော်(MNDAA)တပ်စခန်းကို အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦး သေဆုံးခဲ့ပြီး ​သေဆုံးသူအ​လောင်းတွေကိုစွန့်ပစ်ခဲ့လို့ MNDAAက​ မြေမြုပ်​ပေးခဲ့​တယ်လို့ ရုပ်သံနှင့်တကွထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ဟာ ချင်းရွှေဟော်နယ်စပ်ရှိ MNDAA တပ်ရှိရာသို့ နိုဝင်ဘာ ၂၈ မှာစတင် ထိုးစစ်ဆင်လာခဲ့ပြီး နိုဝင်ဘာ ၂၉ မှာလည်း အင်အား ၅၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်လာခဲ့တာပါ။ အဲဒီလို့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူးဒဏ်ရာရခဲ့ပြီး တပ်ခွဲမှူးနှစ်ဦးအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

▪︎ဖရူဆိုမြို့နယ်မှာ တိုက်ပွဲများပိုပြင်းထန်လာနိုင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်​ကောင်စီတပ်က စစ်​​ရေးပိုမိုလှုပ်ရှားလာတာကြောင့် ​တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်​တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်က ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်အတွင်းသို့ KNDF နဲ့ ဖရူဆို PDF တို့ပူးပေါင်းကာ နယ်မြေရှင်းလင်းရေး ဝင်ရောက်ရာ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွါးခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိတယ်လို့ KNDF တပ်ရင်း ၄ က ထုတ်ပြန်ပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖက်မှ အထိ နာလို့ ဖရူဆိုမြို့အနီးဝန်ကျင် ကျေးရွာတွေကို လက်နက်ကြီးများ ပစ်ခက်ခဲ့ပေမယ့် ထိ ခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီက မြို့တွင်း ကင်းပုန်းများဝပ်ကာ တွေ့သမျှရမ်းသမ်းပစ်တဲ့အခြေအနေ ရှိတာကြောင့် ပြည်သူများ ဂရုပြုနေထိုင်ဖို့ KNDF ကမေတ္တာရပ်ခံပါတယ်။

(KNDF တပ်ရင်း(၄) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ရင်း(၄) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)

▪︎ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က ၃ ရွာဆက်တိုက်မီးရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ရွာစဉ်လှည့်မီးရှိူ့နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့တစ်ရက်တည်း သုံးရွာဆက်တိုက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်အား ၁၀၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းက ဆားထုံး၊လက်ပန်ကျွန်း၊တောကျောင်းကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားခဲ့တာလို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။ မီးလောင်ကျွမ်းပျက်စီးမှုအခြေအနေကိုမူ မသိရသေးဘဲ စစ်ကြောင်းဟာ နေ့ခင်းဘက်မှာ ဆားလင်းကြီးမြို့ပေါ်သို့ ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

(မီးလောင်ကျွမ်းပျက်စီးခဲ့သော ထန်းဇင်ကျေးရွာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေး)
(မီးလောင်ကျွမ်းပျက်စီးခဲ့သော ထန်းဇင်ကျေးရွာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-ဆားလင်းကြီးသတင်းမှန်ပြန်ကြားရေး)

    ▪︎ယင်းမာပင်မြို့ပေါ် စစ်ကောင်စီရဲ့ ကင်းပတ်ယာဥ်ကို PDFအဖွဲ့ သိမ်းဆည်း

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့​ပေါ်မှာ စစ်ကောင်စီရဲ့ ညကင်းပတ်ယာဥ်ကို PDFအဖွဲ့က သိမ်းဆည်းလိုက်တယ်လို့ B-21Kani PDF တပ်ခွဲ(၁) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ် ညကင်းပတ်ရာမှာ အသုံးပြုပြီး ယင်းမာပင်မြို့ပေါ် လဝကရုံးမှ ကျေးလက်ရုံးသို့ ကူးသန်းနေတဲ့ ယာဥ်တစ်စီးကို မနေ့ညပိုင်းက ပစ်ခတ်သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။ ကားကို ပစ်ခတ်သိမ်းဆည်းချိန်မှာ ရုံးနဲ့ဆိုင်တဲ့သူတွေက ထွက်ပြေးသွားပြီး နေ့စားတွေကို ဖမ်းမိပေမယ့် စစ်မေးအပြီးမှာ အားလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

    (သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ကင်းပတ်ယာဥ်။ ဓါတ်ပုံ-B-21Kani PDF)
    (သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ကင်းပတ်ယာဥ်။ ဓါတ်ပုံ-B-21Kani PDF)

    ▪︎လျှပ်စစ်မီးကြိုးလာပြင်တဲ့ စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်

    မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းမှာ ဖောက်ခွဲခံထားလို့ ပျက်စီးသွားတဲ့ လျှပ်စစ်မီးကြိုးတွေကို စစ်ကောင်စီတပ်က လာပြင်စဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ျာက ​ပြောပါတယ်။ မနေ့ နေ့ခင်းက ပေါက်မြို့နယ်မြောက်ပိုင်း၊ချောင်းကူးရွာအရှေ့ဘက် ၆ဖာလုံခန့်အကွာမှာ မီးကြိုးဆက်ဖို့ ဖောကား ၃ စီးနဲ့ လာတဲ့စစ်ကောင်စီတပ်တွေကို ဒေသတွင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားကာ ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က အဲဒီမီးလိုင်းတွေကို မိုင်းခွဲခဲဲ့လို့ ကြိုးများပြတ်တောက်ကာ လျှပ်စစ်ဓါတ်အား မရတော့ဘဲ ကာကွယ်ရေးပစ္စည်းစက်ရုံများဖြစ်တဲ့ ကပစ၂၄ နဲ့ ကျော ကပစ နှစ်ခုလုံးလုပ်ငန်းများရပ်နားထားရပါတယ်။ အဲဒီ စစ်ဆင်ရေးကို မြိုင်ပကဖရင်း (၁)၊မြွေပွေးပြောက်ကျားအဖွဲ့၊ ကျေးရွာLocalအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    ▪︎မန္တလေးမှာ ဖုန်းဆိုင် အနုကြမ်းစီးခံပြီး ဖုန်းအလုံး ၄၀ ကျော်ပါသွား

    မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲက ဖုန်းဆိုင် တစ်ဆိုင် မနေ့ညနေပိုင်းက အနုကြမ်းစီးခံရပြီး ဖုန်းအလုံး ၄၀ ကျော်ပါသွားတယ်လို့ ဆိုင်ပိုင်ရှင်က အသိပေးပါတယ်။ အနုကြမ်းစီးခံရတဲ့ဆိုင်ဟာ လမ်း ၄၀ ၊ ၇၉ လမ်းနဲ့ လမ်း ၈၀ ကြားမှာရှိတဲ့ PRO 7 ဖုန်းဆိုင်ဖြစ်ပါတယ်။ ဆိုင်ကယ် ၂စီးနဲ့ရောက်လာတဲ့ လူ ၄ ဦးက လုယက်သွားတာလို့ သိရပါတယ်။ လာရောက်လုယက်တဲ့ CCTV မှတ်တမ်းထဲမှာတော့ ဆိုင်ထဲကို အမျိုးသား ၃ ဦးဝင်လာပြီး ၁ ဦးဟာ သေနတ်အတိုကိုင်ထားတာတွေ့ရပါတယ်။ အဲဒီနောက် မှန်ပုံးကို တူနဲ့ ရိုက်ခွဲပြီး ဖုန်းတွေကို ယူသွားတာတွေ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ဖုန်း အလုံး ၄၀ ကျော် ပါသွားတယ်လို့ ဆိုင်ရှင်က ဆိုပါတယ်။

    ▪︎မတ္တရာတွင် စစ်ကောင်စီတပ်ကို ၃ ကြိမ်တိုက်ခိုက် ၁၀ ဦးခန့်သေဟု နတ်ဆိုးအဖွဲ့ပြော

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာယမန်နေ့တစ်ရက်တည်း စစ်ကောင်စီတပ်ကို ၃ ကြိမ်တိုက်ခိုက်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ကျည်ဆံ​တွေနဲ့ခိုးရာပါပစ္စည်း​တွေ သိမ်းဆည်းရမိခဲ့တယ်လို့ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်ကမြောင်းသစ်တံတားနက်ပေါ်ကိုတက်လာတဲ့ စစ်ကား ငါးစီးကို ပဒေသာမိုင်း ၂ လုံးတွဲနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးပြီး​တော့ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မွန်းလွဲ ၃ နာရီကျော်မှာမြောင်းဦးတောင်ဘက် တောင်ကံရွာအတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့သား ၁၂ ဦးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့အဖွဲ့ကထုတ်ပြန်ပါတယ်။ ဒါအပြင်ယမန်နေ့ နံနက် ပိုင်းက မြောင်းဦးနဲ့ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးသို့ မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်း​တွေသယ်လာတဲ့ထော်လာဂျီကိုဖမ်းဆီးပြီး လက်နက်ခဲယမ်း​တွေနဲ့ ပြည်သူ​တွေဆီကစစ်တပ်ကလုယူလာတဲ့ ပစ္စည်း​တွေကိုကြားဖြတ်ဖြတ်ဖမ်းဆီးခဲ့ပါတယ်။

    ဆက်စပ်သတင်းများ

    သတင်း

    ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

    သတင်း

    ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

    သတင်း

    ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

    သတင်း

    ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။