Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အတွက်ရိက္ခာပို့​​သောနယ်ခြား​စောင့်တပ်၏ကားတစ်စီးကိုလက်နက်၊ မူးယစ်​ဆေးဝါးများနှင့်အတူKA၊ KNDF ဖမ်းမိ

ကားပေါ်မှ မူးယစ်စိတ်ကြွရူးသွပ်ဆေးပြားနှစ်ထောင်ဝန်းကျင်နှင့်အတူ BGF ခြောက်ဦး ၊ လက်နက်ခဲယမ်းအချို့ကိုပါဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။

(စစ်​ကောင်စီတပ်အတွက် ရိက္ခာပို့​ပေး​သောBGF ကား​ပေါ်မှဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးအပါအဝင်ပစ္စည်းမျိုးစုံ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်အတွက် ရိက္ခာပို့​ပေး​သောBGF ကား​ပေါ်မှဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးအပါအဝင်ပစ္စည်းမျိုးစုံ။ ဓါတ်ပုံ-CJ)

▪︎လက်နက်အပြည့်အစုံဖြင့်ဖမ်းမိ​သော BGF​ခြောက်ဦးကိုစစ်သုံပန်းဥပ​ဒေ၊မူးယစ်ဥပ​ဒေဖြင့်အ​ရေးယူမည်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ပါလောင်း ကျေးရွာ၌ စစ်ကောင်စီတပ်ကို ရိက္ခာပို့ဆောင်ပေးနေသည့် နယ်ခြားစောင့်တပ် BGF ၏ကားတစ်စီးကို ကရင်နီတပ်မ​တော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ကဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ကားပေါ်မှ မူးယစ်စိတ်ကြွရူးသွပ်ဆေးပြားနှစ်ထောင်ဝန်းကျင်နှင့်အတူ BGF ခြောက်ဦး ၊ လက်နက်ခဲယမ်းအချို့ကိုပါဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။

နိုဝင် ဘာ ၃၀ရက် ညနေ၅နာရီခန့်ကလွိုင်ကော်မှ ရှားတောဘက်သို့ မောင်းနှင်လာသည့် အဖြူရောင်ကားတစ်စီးကို ပါလောင်းကျေးရွာအနီးတွက် ကရင်နီတပ်မတော်(KA)နှင့်KNDF-ကရင်နီအမျိုးသားကာကွယ်​ရေးတပ်က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“အဓိကတော့ ပွန်ချောင်းက စကစ စခန်းကို လာတဲ့ယာဥ်။ဒါပေမယ့် ပါလောင်းကို ဖြတ်တဲ့အချိန်မိတာ “ဟု ကရင်နီ​ဒေသစစ်ရေးသတင်းရင်းမြစ်ကလူထုနွေဦးသတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းမိသည့် ယာဉ်နှင့် အတူ လက်နက်ခဲယမ်းအပြည့်အစုံဖြင့်လိုက်ပါလာသော BGF တပ်ဖွဲ့ဝင် ၆ဦးကို ကရင်နီပြည်ရဲဌာန KSPထံလွှဲပြောင်းပေးထားကြောင်းသိရသည်။

“စစ်သုံ့ပန်းဥပဒေ နဲ့ မူးယစ်ဆေးဝါး ဥပဒေ။ ဒါ ဥပဒေ ကြောင်းအရ သွားရမှာပဲ”ဟု ကရင်နီပြည်အစိုးရ ဒုတိယဝန်ကြီး ခူဒယ်နီယာယ်ကဒေသခံသတင်းဌာနဖြစ်​သောကန္တရဝတီတိုင်းမ် သို့ ဖြေကြားထားသည်။

ယခုဖမ်းဆီးရမိခဲ့သည့် ဖြစ်စဥ်ကို ကရင်နီတပ်မတော် KAနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သီး ခြားထုတ်ပြန် ထားချက်မရှိသေးပေ။

နိုဝင်ဘာလနောက်ဆုံးပတ်တွင် လွိုင်ကော်မြို့နယ် ပါလောင်းကျးရွာနှင့် ဒေါတယို့ကျေးရွာပတ်ဝန်းကျင်တို့တွင် စစ်ကောင်စီတပ်ဘက်မှ ဝင်ရောက် တပ်စွဲထားသဖြင့်KA ၊KNDFတို့နှင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထို့အပြင်ပါလောင်းရွာ အနီးတစ်ဝိုက် စစ်ကောင် စီတပ်များရှိနေဆဲဖြစ်ပြီး တိုက်ပွဲ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်၍ ပြည်သူများ သတိပြုနေထိုင်ရန် ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။