Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့နယ်တွင် ရိက္ခာလာပို့သည့်
စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် သုံးဦးသေ

လောပိတရှိ ဘီလူးချောင်းအနီး စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ယမန် နေ့( နိုဝင်ဘာလ ၁၃ ရက်)ညနေ၃ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ ၊ဓာတ်ပုံ- KNDF တပ်ရင်း -၁၀)
(သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ ၊ဓာတ်ပုံ- KNDF တပ်ရင်း -၁၀)

လွိုင်ကော်မြို့နယ်တွင် ရိက္ခာလာပို့သည့်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင်သုံးဦး သေဆုံးပြီး MA-1 သေနတ် (၁)လက်ရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၀က ယနေ့ ထုတ်ပြန်သည်။

လောပိတရှိ ဘီလူးချောင်းအနီး စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ယမန် နေ့( နိုဝင်ဘာလ ၁၃ ရက်)ညနေ၃ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

၁၀မိနစ်ခန့်ကြာမြင့်သည် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် စုစုပေါင်း သုံးဦးအား သုတ်သင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့ထံမှ တပ်သားတစ်ဦးကိုင်ဆောင်သော MA-1 အမျိုးအစားသေနတ် (၁)လက် ၊ ကျည်ဘောက် (၄)ခု ၊ ကျည်ဆံအချို့နှင့် ဖုန်း (၁)လုံးကို KNDF က သိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် KNDF ရဲဘော်များ ထိခိုက်မှုမရှိဆုပ် ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထိတွေ့တိုက်ပွဲအတွင်း လောပိတမြို့အခြေစိုက် စစ်ကောင်စီ၏တပ်များမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအနက်မှ နှစ်ဦးမှာ လွတ်မြောက်သွားခဲ့သည်။

ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာလဆန်းမှ ယနေ့(နိုဝင်ဘာ ၁၄ ရက်) အထိ ထိတွေ့တိုက်ပွဲငယ်များနှင့် အလစ်ငိုက် တိုက်ခိုက်မှုများသာ အများစုဖြစ်ပွားခဲ့ပြီး လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ဘောလခဲနှင့် ရှားတောမြို့နယ်များအတွင်း တိုက်ပွဲစုစုပေါင်း (၁၃)ကြိမ်နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဖက်မှ ၉ဦးထက်မနည်း သေဆုံးခဲ့သည်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင် စီ၏ မြို့နယ်အလိုက် အခြေစိုက်တပ်များမှာ နိုဝင်ဘာလဆန်းမှ စ၍ လက်နက်ကိုင်တပ်ဖွဲ့ချင်း ရင်ဆိုင်တိုက်ပွဲများကို သတ္တိရှိရှိ မပြုလုပ်ရဲဘဲ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ပြည်သူလူထုများကိုသာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျေးရွာများအတွင်းသို့ နေ့စဥ် လက်နက်ကြီးများပစ်ခက်၍ သိက္ခာမဲ့စွာ စစ်ရာဇဝတ်မှု့များကို ကျူးလွန်လျှက်ရှိနေကြောင်းလည်း KNDF က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။