Connect with us

Hi, what are you looking for?

သတင်း

စားနပ်ရိက္ခာထောက်ပံ့ဖို့ WFP ကို ဥရောပသမဂ္ဂ ယူရိုငွေ ၆ သန်းခွဲပံ့ပိုး

WFP ဟာ ပြည်တွင်းက ပဋိပက္ခဒဏ်ခံစားနေရတဲ့ ဒေသတွေမှာရှိတဲ့ မိသားစုတွေကို စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရ အထောက်အပံတွေ ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စာနပ်ရိက္ခာထောက်ပံ့ဖို့ WFP ကို ဥရောပသမဂ္ဂ ယူရိုငွေ ၆ သန်းခွဲပံ့ပိုး
စာနပ်ရိက္ခာထောက်ပံ့ဖို့ WFP ကို ဥရောပသမဂ္ဂ ယူရိုငွေ ၆ သန်းခွဲပံ့ပိုး

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ ထောက်ပံ့တာအပြင် ပံ့ပိုးကူညီတာတွေလုပ်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ကို ဥရောပသမဂ္ဂက ယူရိုငွေ ၆ သန်းခွဲ လှူဒါန်းလိုက်ပါတယ်။

ဥရောပ သမဂ္ဂ က လှူဒါန်းတဲ့အဲဒီရန်ပုံငွေနဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေ ၊ အနောက်မြောက်ပိုင်းဒေသတွေ ၊ နယ်စပ်ဒေသတွေအပြင် ရန်ကုန်မြို့မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ မြို့နယ်တွေက လူဦးရေ ၈ သိန်းကျော်ကို ထောက်ပံ့ပေးသွားတယ်လို့ WFP က ပြောပါတယ်။

WFP ဟာ ပြည်တွင်းက ပဋိပက္ခဒဏ်ခံစားနေရတဲ့ ဒေသတွေမှာရှိတဲ့ မိသားစုတွေကို စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရ အထောက်အပံတွေ ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို ပံ့ပိုးပေးရာမှာ ချင်း ၊ကယား ၊မကွေးနဲ့ စစ်ကိုင်းတိုင်းက အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ သွားရောက်ကူညီဖို့ ကန့်သတ်ချက်တွေရှိနေတယ်လို့လည်း WFP က ဝန်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ သန်းဟာ ဝမ်းရေးအခက်အခဲကို အပြင်းအထန်ကြုံတွေ့နေရပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ တစ်နှစ်အတွင်းမှာတင် ၆၂ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ WFP ရဲ့အချက်အလက်တွေအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့(ဩဂုတ် ၂၀ ရက်)မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်​နေပြီလို့ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ​ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။

Facebook