Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် CRPH နဲ့ NUGတို့ကို အားပေးကူညီဖို့ ဥရောပသမဂ္ဂပါလီမန်မဲခွဲဆုံးဖြတ်

မနေ့က ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂပါလီမန်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၃၁ မဲနဲ့ ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

–သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆို

မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီနည်းကျဆန္ဒတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် CRPH နဲ့ NUG ကို အားပေးကူညီဖို့ ဥရောပသမဂ္ဂပါလီမန်က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂပါလီမန်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၃၁ မဲနဲ့ ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

ဥရောပသမဂ္ဂပါလီမန်ရဲ့ အဲဒီဆုံးဖြတ်ချက်မှာ မြန်မာ နိုင်ငံစစ်အာဏာသိမ်းမှုကို ပြင်းထန်စွာရှုတ်ချပြီး ၂၀၂၀ နိုဝင်ဘာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲရလဒ်တွေကို တပ်မတော်က အပြည့်အ၀လေးစားဖို့ တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားအစိုးရကို ချက်ချင်းအာဏာပြန်လွှဲဖို့၊ နိုင်ငံတော်အရေးပေါ်ကြေညာချက်ကို အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက်အသုံးပြုမှုတွေကို အဆုံးသတ်ဖို့၊ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို လေးစားဖို့ အချက်တွေလည်း တောင်းဆိုထားပါ တယ်။

နောက်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင်အခြားသော မတရားသဖြင့်ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂပါလီမန်က တောင်းဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေး၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး ကြိုးစားရုန်းကန်မှု တွေမှာ ဥရောပသမဂ္ဂရဲ့အားပေးကူညီမှုတွေကို ထုတ်ဖော်ပြသဖို့လည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

သတင်း

ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်း၍ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUGက သဝဏ်လွှာပေးပို့ ပြောကြားသည်။

သတင်း

လက်ရှိကာလသည် လူမျိုး၊ ဘာသာ မတူကွဲပြားမှုကို တန်ဖိုးထားသည့် ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသည့်အချိန် ဖြစ်ကြောင်း အသိပေးဖော်ပြသည်။