Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် CRPH နဲ့ NUGတို့ကို အားပေးကူညီဖို့ ဥရောပသမဂ္ဂပါလီမန်မဲခွဲဆုံးဖြတ်

မနေ့က ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂပါလီမန်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၃၁ မဲနဲ့ ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

–သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆို

မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီနည်းကျဆန္ဒတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် CRPH နဲ့ NUG ကို အားပေးကူညီဖို့ ဥရောပသမဂ္ဂပါလီမန်က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂပါလီမန်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေမဲ ၃၁ မဲနဲ့ ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

ဥရောပသမဂ္ဂပါလီမန်ရဲ့ အဲဒီဆုံးဖြတ်ချက်မှာ မြန်မာ နိုင်ငံစစ်အာဏာသိမ်းမှုကို ပြင်းထန်စွာရှုတ်ချပြီး ၂၀၂၀ နိုဝင်ဘာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲရလဒ်တွေကို တပ်မတော်က အပြည့်အ၀လေးစားဖို့ တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားအစိုးရကို ချက်ချင်းအာဏာပြန်လွှဲဖို့၊ နိုင်ငံတော်အရေးပေါ်ကြေညာချက်ကို အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက်အသုံးပြုမှုတွေကို အဆုံးသတ်ဖို့၊ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို လေးစားဖို့ အချက်တွေလည်း တောင်းဆိုထားပါ တယ်။

နောက်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင်အခြားသော မတရားသဖြင့်ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂပါလီမန်က တောင်းဆိုပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေး၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး ကြိုးစားရုန်းကန်မှု တွေမှာ ဥရောပသမဂ္ဂရဲ့အားပေးကူညီမှုတွေကို ထုတ်ဖော်ပြသဖို့လည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

Facebook