Connect with us

Hi, what are you looking for?

သတင်း

ဂျီနီဗာဖွံ့ဖြိုးမှုဆိုင်ရာထိပ်သီးညီလာခံသို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ခွင့်မရ

ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)မှ တရားဝင်အသိအမှတ်ပြုသော အစိုးရကိုယ်စားလှယ်များကို ဂျီနီဗာထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို UNGA က အသိအမှတ်မပြုသေးကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - Getty
ဓာတ်ပုံ - Getty

ဆွစ်ဇာလန်က လက်ခံကျင်းပမည့် ထိရောက်သောဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးထိပ်သီးညီလာခံသို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ယမန်နေ့တွင် ထုတ်ပြန်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)မှ တရားဝင်အသိအမှတ်ပြုသော အစိုးရကိုယ်စားလှယ်များကို ဂျီနီဗာထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို UNGA က အသိအမှတ်မပြုသေးကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းသို့ တရားမဝင်စစ်ကောင်စီကို တက်ရောက်ခွင့်ပြုမည်မဟုတ်သည့် ဆွစ်ဇာလန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Justice For Myanmarက ယနေ့ထုတ်ပြန်သည်။

ဓာတ်ပုံ - Getty
ဓာတ်ပုံ – Getty

“မြန်မာစစ်ကောင်စီဟာ တရားမဝင်တဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်ပြီး ရှေ့တန်းကနေ ဘယ်တော့မှ မဖိတ်ကြားသင့်ပါဘူး။ ထိရောက်သောဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် အမှန်တကယ်ရပ်တည်မယ်ဆိုရင် ထိပ်သီးညီလာခံဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖိတ်ကြားသင့်ပြီး အရေးပေါ်ဦးစားပေးမှုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုထိတွေ့ဆက်ဆံသင့်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

Public Service Announcement

Public Service Announcement

လာမည့် ဒီဇင်ဘာ ၁၂ရက်မှ ၁၄ရက်အထိ ဂျီနီဗာ၌ ကျင်းပမည့် အထက်ပါထိပ်သီးညီလာခံသို့ အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ဖိတ်ကြားသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသော ဆွစ်ဇာလန်အစိုးရသည် မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ဖိတ်ကြားခြင်းမဟုတ်ဘဲ ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနက ဂျီနီဗာရှိ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့များအားလုံးထံ အကြောင်းကြားခြင်းဖြစ်ကြောင်း တုံ့ပြန်ဖြေရှင်းခြင်းဖြစ်သည်။

ယင်းထိပ်သီးညီလာခံသို့ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး မူဝါဒများနှင့် အစီအစဥ်များနှင့်သက်ဆိုင်သော ဝန်ကြီးများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင် များ၊ ပုဂ္ဂလိကကဏ္ဍ အမှုဆောင်အရာရှိချုပ်များနှင့် အခြား အရေးပါသူများ တက်ရောက်ကြမည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။