Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့သူ တစ်ဦးကို ပထမဆုံးအကြိမ် အီရန် အစိုးရ ကွပ်မျက်

အီရန် အစိုးရ မီဒီယာက ရှက်ကာရီကို ဆူပူအုံကြွအောင် လှုံ့ဆော်သူ တစ်ဦးလို့လည်း စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက အီရန် အစိုးရ အနေနဲ့ သေဒဏ် စီရင်ချက် ချမှတ်ထားတဲ့ ဆန္ဒပြသူတွေကို မကွပ်မျက်ဖို့ ဝိုင်းဝန်း ဖိအားပေးနေပေမယ့် အခုလို အခြေအနေတွေ ဖြစ်လာခဲ့တာပါ။

ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့သူ တစ်ဦးကို ပထမဆုံးအကြိမ် အီရန် အစိုးရ ကွပ်မျက်
ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့သူ တစ်ဦးကို ပထမဆုံးအကြိမ် အီရန် အစိုးရ ကွပ်မျက်

လတ်တလော ပေါ်ပေါက်နေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေမှာ ပါဝင်သူ တစ်ဦးကို အီရန်က ပထမဆုံးအကြိမ် ကွပ်မျက်လိုက်ပါတယ်။

ဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်တဲ့ မိုဆန် ရှက်ခါရီကို ဒီဇင်ဘာ ၈ ရက် မနက်အစောပိုင်းမှာ ကြိုးပေးကွပ်မျက်လိုက်တယ်လို့ အီရန် အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။ ရှက်ကာရီဟာ အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ခုံရုံးတစ်ခုမှာ ကြားနာစစ်ဆေး ခံရပြီး အပြစ်ရှိကြောင်း တစ်ဖက်သတ် စီရင်ဆုံးဖြတ် ခံခဲ့ရပါတယ်။

သူဟာ စက်တင်ဘာ ၂၅ ရက်တုန်းက တဟီရန်မြို့တော်က လမ်းမတစ်ခုမှာ ဘာဆစ်ဂျ် အဖွဲ့ဝင် တစ်ဦးကို ဓားနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့ကြောင်း ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဘာဆစ်ဂျ် ဆိုတာက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လက်နက်ကိုင်ပြီး လူမိုက်ဆန်ဆန် ရမ်းကား ဖြိုခွင်းနေတဲ့ အစိုးရ ဘက်တော်သား အရပ်ဖက် အင်အားစုတွေပါ။

အီရန် အစိုးရ မီဒီယာက ရှက်ကာရီကို ဆူပူအုံကြွအောင် လှုံ့ဆော်သူ တစ်ဦးလို့လည်း စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက အီရန် အစိုးရ အနေနဲ့ သေဒဏ် စီရင်ချက် ချမှတ်ထားတဲ့ ဆန္ဒပြသူတွေကို မကွပ်မျက်ဖို့ ဝိုင်းဝန်း ဖိအားပေးနေပေမယ့် အခုလို အခြေအနေတွေ ဖြစ်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

နော်ဝေးအခြေစိုက် အီရန် လူ့အခွင့်အရေး အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ မာမွတ် အမီရီ မော့ဟက်ဒမ်က နိုင်ငံတကာရဲ့ ထိရောက်ပြီး လက်တွေ့ကျတဲ့ တုံ့ပြန်မှုတွေသာ မရှိရင် အီရန်အာဏာပိုင်တွေက အခုလို ကွပ်မျက်မှုတွေကို နေ့စဉ်ရက်ဆက် မြိန်ရည်ယှက်ရည် ကျူးလွန်လာလိမ့်မယ်လို့ Twitterမှာ သတိပေး ရေးသားထားခဲ့ပါတယ်။

အီရန် တရားရေး ဝန်ကြီးဌာနဟာ စက်တင်ဘာ လလယ်က စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်လို့ စုစုပေါင်း ၁၁ ဦးထိ သေဒဏ် စီရင်ချက် ချမှတ်ပြီး ဖြစ်တယ်လို့ ကြေညာထားပါတယ်။ အဲဒီထဲမှာ ရှက်ခါရီကိုတော့ ပထမဆုံးအကြိမ် လက်တွေ့ ကွပ်မျက်ခဲ့တာပါ။

အီရန်မှာ ဘာသာရေး ရဲတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီး စစ်ဆေးမှုကြောင့် အသက် ၂၂ နှစ်အရွယ် မာရှာ အမီနီဆိုတဲ့ မိန်းကလေးငယ် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အကြောင်းပြုပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်၊ အစ္စလာမ်မစ် တော်လှန်ရေးအပြီး အီရန် အစိုးရ အတွက်တော့ အခုဆန္ဒပြမှုတွေဟာ နိုင်ငံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုတွေလည်း ဖြစ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။