စစ်ကိုင်းတိုင်း ကလေးမြို့ မြို့တော်ခန်းမအနီးတွင် ယနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြေင်း ဒေသခံတစ်က ပြောသည်။
စက်တင်ဘာ ၇ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်ခန့်တွင် ပေါက်ကွဲသံကြားရကြောင်း၊ မြို့မရဲစခန်းအနီးတွင်လည်း ပစ်ခတ်သံအချို့ ကြားရကြောင်း၎င်းက ဆို သည်။
အဆိုပါ မြို့မ ရဲစခန်းရှိရာ ပတ်ဝန်းကျင်ကို ပိတ်ထား သည်မှာ တစ်လကျော်ကြာပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ကလေးမြို့နယ် တောင်းပိုင်းရှိ ကျေးရွာများသို့ စက်တင်ဘာလဆန်းမှစ၍ ဝင်ရောက်စီးနင်းမွှေနှောက်လျက်ရှိရာ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။

Public Service Announcement


















































