Connect with us

Hi, what are you looking for?

သတင်း

နန့်ဆန်တိုက်ပွဲများကြောင့် ထွက်ပြေးသွားသည့် ဒေသခံ အချို့ပြန်လာ

နှစ်ဖက်တိုက်ပွဲပြင်းထန်မှုကြောင့် ကုန်းသာ၊ ဟူမန်း၊ ပန်အလော့၊ မန်လုံး၊ တာလတ်၊ ပိန်းလုံးစသော ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီသည် နမ့်ဆန်မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ယနေ့ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာခဲ့ကြသည်။

နန့်ဆန်တိုက်ပွဲများကြောင့် ထွက်ပြေးသွားသည့် ဒေသခံ အချို့ပြန်လာ
နန့်ဆန်တိုက်ပွဲများကြောင့် ထွက်ပြေးသွားသည့် ဒေသခံ အချို့ပြန်လာ

တအာင်းဒေသ နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတချို့ နေရပ်ပြန်လာခဲ့ကြသည်ဟု တအာင်းတပ်မတော်(PSLF/TNLA)၏ သတင်းနှင့်ပြန်ကြာရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ(၇)ရက်ကစပြီး တအာင်းဒေသဖြစ်သည့် နမ့်ဆန်မြို့နယ်အတွင်းက ဟူမန်း၊ ကုန်းသာ၊ ပန်အလော့နှင့် မန်လုံးရွာတွင် စစ်ရေးဝင်ရောက်လှုပ်ရှားသည့်အတွက် တအာင်းတပ်မတော်(PSLF/TNLA)နှင့် တစ်ပတ်နီးပါးကြာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့သည်။

နန့်ဆန်တိုက်ပွဲများကြောင့် ထွက်ပြေးသွားသည့် ဒေသခံ အချို့ပြန်လာ
နန့်ဆန်တိုက်ပွဲများကြောင့် ထွက်ပြေးသွားသည့် ဒေသခံ အချို့ပြန်လာ

နှစ်ဖက်တိုက်ပွဲပြင်းထန်မှုကြောင့် ကုန်းသာ၊ ဟူမန်း၊ ပန်အလော့၊ မန်လုံး၊ တာလတ်၊ ပိန်းလုံးစသော ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီသည် နမ့်ဆန်မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ယနေ့ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာခဲ့ကြသည်။

Public Service Announcement
Public Service Announcement

နေရပ်ပြန်လာသည့် စစ်ဘေးရှောင်ဒေသခံများတွင် တာလတ်ကျေးရွာ၊ ပိန်းလုံကျေးရွာနှင့် မန်လုံးကျေးရွာ ဒေသခံများဖြစ်ကြပြီး တာလတ်နှင့် ပိန်းလုံကျေးရွာမှ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်ဦးရေ(၆၈)ဦးဖြစ်ကာ မန်လုံးကျေးရွာက နေရပ်ပြန်လာသည့် စစ်ရှောင်ဦးရေ အရေအတွက်ကို မသိရသေးကြောင်း၊ ယခုပြန်လာသည့် စစ်ဘေးရှောင်များသည် ကုန်းသာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နမ့်ဆန်မြို့ပေါ်သို့ တိမ်းရှောင်ခဲ့သူများဖြစ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)၏ ထုတ်ပြန်ထားချက်အရ နမ့်ဆန်မြို့နယ် ဟူမန်း၊ ကုန်းသာ၊ မန်လုံး၊ တာလတ်၊ ဆာငါမ်ကျေးရွာမှ စစ်ဘေးရှောင်များလိုအပ်သည့် အစားအသောက်အပါအဝင် စောင်၊ အိပ်ယာခင်း၊ အမျိုးသမီးလစဉ်သုံးပစ္စည်းစသော အခြေခံ အသုံးအဆောင်ပစ္စည်းများကို TWO မှ သွားရောက်ကူညီပေးခဲ့ပြီး စစ်ဘေးရှောင်အများစုသည် အမျိုးသမီးနှင့် ကလေးသူငယ်များ ဖြစ်ကြသည်ဟု သိရသည်။

နန့်ဆန်တိုက်ပွဲများကြောင့် ထွက်ပြေးသွားသည့် ဒေသခံ အချို့ပြန်လာ
နန့်ဆန်တိုက်ပွဲများကြောင့် ထွက်ပြေးသွားသည့် ဒေသခံ အချို့ပြန်လာ

ထို့အပြင် ထွက်ပြေးတိမ်ရှောင်ရသော စစ်ဘေးရှောင်များမှာ လက်ရှိတွင် နမ့်ဆန်မြို့ ဇယန်းဘုန်းကြီးကျောင်းတွင် စုပေါင်းနေထိုင်ကြပြီး အစားအသောက်ပိုင်းတွင် ရက်သတ္တပတ်အတွက် လုံလောက်မှုရှိသော်လည်း ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်း၊ ကလေးနို့မှုန့်နှင့် ကလေးဒိုင်ပါများ လိုအပ်နေသလို စစ်ရှောင်သူဦးရေများသောကြောင့် အိမ်သာလုံလောက်မှုမရှိပဲ အခက်အခဲရင်ဆိုင်နေရသည်ဟု TWO က ပြောသည်။

နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား ဒီဇင်ဘာလ(၇)ရက်မှ (၁၃)ရက်နေ့အထိ (၁)ပတ်ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကုန်းသာကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြား ထိခိုက်မီးလောင်ပျက်စီးခဲ့သလို ဒေသခံတချို့လည်း ထိခိုက်သေဆုံးဒဏ်ရာရရှိမှုရှိခဲ့သည်ဟု TWO ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။