Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်တိုက်ပွဲကြား ပျောက်နေသည့်အရပ်သား ၄၀ ကျော်ကိုပြန်တွေ့

“ ဒီလိုမျိုးပျောက်တယ်ဆိုတော့ တိုက်ပွဲကြားဆိုတော့ အမျိုးမျိုးစဉ်းစားလို့ရတယ်လေ။ ဘယ်လိုများ ပျောက်သွားလဲပေါ့။ အခုလို ပြန်လာတော့ကျွန်မတို့လည်း ထပ်တူဝမ်းသာပါတယ်” ဟု တအာင်းအရပ်ဘက်အဖွဲ့အစည်းများ တာဝန်ရှိသူက ပြောသည်။

(နမ့်ဆန်တိုက်ပွဲ​ကြောင့်​ ၈ ရက်ကြာ​ပျောက်​နေရာမှ ပြန်​​ရောက်လာ​သော​ဒေသခံများ ။ဓါတ်ပုံ-​ရွှေဖီ​မြေသတင်းဌာန)
(နမ့်ဆန်တိုက်ပွဲ​ကြောင့်​ ၈ ရက်ကြာ​ပျောက်​နေရာမှ ပြန်​​ရောက်လာ​သော​ဒေသခံများ ။ဓါတ်ပုံ-​ရွှေဖီ​မြေသတင်းဌာန)

ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ဆန်မြို့နယ်သို့စစ်ကောင်စီတပ်ထိုးစစ်ဆင်တိုက်ခိုက်၍ တအာင်းတပ်မတော်(TNLA)နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကလေးငယ်များအပါအဝင် အရပ်သား ဆယ်နှင့်ချီ ပျောက်ဆုံးခဲ့ရာ အဆိုပါအရပ်သားများအား ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်းတအာင်းအရပ်ဘက်အဖွဲ့အစည်းများ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲစဖြစ်တဲ့နေ့မှာ အခုပျောက်သွားတဲ့သူတွေကကုန်းသာရွာခံတွေဖြစ်တယ်။ တိုက်ပွဲ ဖြစ်တဲ့နေ့မှာ တချို့ကျတော့ အလုပ်ကနေ ပြန်လာပြီး လူစုကွဲတာ၊ တချို့ကျတော့လည်း တိုက်ပွဲဖြစ်လို့ သေနတ်သံတွေ ကြားတဲ့အခါ လွတ်ရာပြေးကြတာ။ အဲဒီလို ပြေးကြရင်းနဲ့ အုပ်စုလိုက်တွေကွဲပြီးမှ အခု ပျောက်ဆုံးနေတဲ့ သူတွေက အတူတူသွားတဲ့ ပုံစံမျိုးမဟုတ်ဘဲ အုပ်စုလိုက် လူစုကွဲသွားပြီးပျောက်သွားတဲ့ အနေအထားရှိတယ်။ အခု ပျောက်နေတဲ့ သူတွေက အကုန်လုံး တစုတစည်းတည်းမဟုတ်ဘူး အဖွဲ့ နှစ်ဖွဲ့ သုံးဖွဲ့ပုံစံမျိုးကွဲသွားတာ” ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

ဒီဇင်ဘာ ၇ရက်က နမ့်ဆန်မြို့နယ်ကုန်းသာရွာနှင့်အနီး၌ စတင်ခဲ့သည့်တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံများ ပျောက်ဆုံးခဲ့ရာ ၈ရက်အကြာတွင် ပျောက်နေသည့် ဒေသခံ ၄၀ကျော် ပြန်လည် ရောက်ရှိလာကြောင်း ဒေသတွင်း သတင်းဌာန ရွှေဖီမြေက ယနေ့ညပိုင်း၌ သတင်းဖော်ပြသည်။

“ပျောက်နေတဲ့သူတွေနဲ့ အခု ပြန်ရောက်လာတဲ့သူတွေနဲ့ အတူတူပဲ” ဟု တအာင်းအရပ်ဘက်အဖွဲ့အစည်းများတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ဒေသခံများ ပြန်ရောက်လာ၍ ဝမ်းသာရကြောင်း၊ တိုက်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့၍ ၎င်းတို့၏အသက်အန္တရာယ်ကို စိတ်ပူခဲ့ရကြောင်း၎င်းကဆက်​ပြောသည်။

“ ဒီလိုမျိုးပျောက်တယ်ဆိုတော့ တိုက်ပွဲကြားဆိုတော့ အမျိုးမျိုးစဉ်းစားလို့ရတယ်လေ။ ဘယ်လိုများ ပျောက်သွားလဲပေါ့။ အခုလို ပြန်လာတော့ကျွန်မတို့လည်း ထပ်တူဝမ်းသာပါတယ်” ဟု တအာင်းအရပ်ဘက်အဖွဲ့အစည်းများ တာဝန်ရှိသူက ပြောသည်။

၅ရက်ဆက် မြေပြင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တစ်ပတ်ခန့် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည့် နမ့်ဆန်တိုက်ပွဲကာလအတွင်း အရပ်သား ထိခိုက်မှု ၄ဦးရှိကြောင်းသိရပြီး ယင်းအနက် ၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီတပ်က​TNLA နယ်​မြေသို့လေ​ကြောင်းမှစစ်သားများချ​ပေး၍ တိုက်ခိုက်သဖြင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့​သောနမ့်ဆန်တိုက်ပွဲတွင် အရပ်သားပြည်သူများနှင့်ပတ်သပ်၍ TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က”ကျေးရွာမှာက အိမ်ခြေ ၆၀လောက်ရှိတာ ကျေးရွာ တစ်ရွာလုံးလိုလို ကတော့ လက်နက်ကြီး ကျည်ထိမှန်တာရှိတယ်။ တချို့က လုံး၀ ပျက်စီးသွားတယ်။ တချို့က မပျက်စီးဘဲ ထိမှန်တာရှိတယ်။ အဲဒီ ကုန်းသာရွာအပြင် ဟူးမန်းရွာမှာလည်း လက်နက်ကြီး ကျရောက်မှုကြောင့် နေအိမ် ၁၀နီးပါးလောက် ကျည်ဆံထိမှန်တာပေါ့။ ရွာသားတွေကတော့ ၅ရွာပေါ့။ ကုန်းသာရွာက တစ်ရွာလုံးထွက်ပြေးသွားရတယ်။ ဟူးမန်း၊ မန်လုံ၊ ပန်အလောက်၊ပိန်းလုံ အဲဒီမှာတော့ ထွက်ပြေးသွားတယ်။ ထွက်ပြေးပြီး စစ်ဘေးရှောင်တာ ကျနော်တို့ ရတဲ့ သတင်းအရ နှစ်ထောင်ဝန်းကျင်လောက်ရှိတယ်။”ဟု People’s Spring သို့​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။