Connect with us

Hi, what are you looking for?

သတင်း

ချင်းရွှေဟော်တိုက်ပွဲ၌ စစ်ကောင်စီတပ်များ ကျန်ခဲ့သည့် လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိကြောင်း MNDAA အသိပေး

တိုက်ပွဲ ငြိမ်သွားပြီး စစ်ရေးပြေလျော့သည့်အခြေအနေတွင် MNDAAက နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့သည့် လက်နက်နှင့် ခဲယမ်းများကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ကိုးကန့်တပ်မတော်(MNDAA)မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ဓာတ်ပုံ - The Kokang)
(ကိုးကန့်တပ်မတော်(MNDAA)မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ဓာတ်ပုံ - The Kokang)

ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ချင်းရွှေဟော်ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်များ ကျန်ခဲ့သည့် လက်နက်ခဲယမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

“အဲဒါက နိုဝင်ဘာလကုန်လောက်က ဖြစ်ခဲ့တဲ့တိုက်ပွဲလေ။ အဲဒီတိုက်ပွဲဖြစ်ပြီးတော့ စစ်ရေးက အဲဒီတုန်းက နည်းနည်းတင်းမာသေးတယ်လေ။ ဒါပေမဲ့ အခုကျတော့ အဆင်ပြေသွားပြီဆိုတော့ သူတို့က ရှေ့တန်းကို ရှင်းလင်းရေးလုပ်တာ။ ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ ဒီလက်နက်ခဲယမ်း ပစ္စည်းတွေရထားတာ”ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲ ငြိမ်သွားပြီး စစ်ရေးပြေလျော့သည့်အခြေအနေတွင် MNDAAက နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့သည့် လက်နက်နှင့် ခဲယမ်းများကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသရှိ MNDAA တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ကိုးကန့်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ နိုဝင်ဘာ ၂၈ရက်နှင့် ၂၉ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က စစ်လည်းမဖြစ်ချင်ဘူး ကိုးကန့်တိုင်းရင်းသားအချင်းချင်းလည်း တိုက်ပွဲမဖြစ်ချင်ဘူး အဲဒီလို ရပ်တည်ချက်တော့ရှိတယ်။ ကိုးကန့်အတွင်းမှာ ရှိတဲ့ ပြည်သူ့စစ်တွေပဲဖြစ်ဖြစ် အမျိုးသား တိုင်းရင်းသားတွေပဲဖြစ်ဖြစ် ကျွန်တော်ပြောချင်တာက အရင်တုန်းက ကိုးကန့်တိုင်းရင်းသားအပေါ် မကောင်းမှုတွေ မတရားမှုတွေလုပ်ခဲ့တာရှိပါစေ။အခုလက်ရှိမှာ ကျွန်တော်တို့ဘက်ကို ပူးပေါင်းလာမယ် ကျွန်တော်တို့အပေါ် ရန်ရှာမှုတွေမလုပ်ဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ ခွင့်လွှတ်ပေးမယ် ဒီလို ရပ်တည်ချက်တော့ရှိတယ်”ဟု ကိုးကန့် သတင်းရင်းမြစ်က ပြောသည်။

အကယ်၍ အဖွဲ့အစည်းအား ဆက်လက်ရန်ပြုမည်ဆိုပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အခြေအနေများကို မိမိကိုယ်တိုင်သာ တာဝန်ယူရမည်ဟု ၎င်းက အသိပေးသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မုံးကိုးဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ကိုးကန့် သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။