Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်/ကျဉ်းများလွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တောင်းဆိုချက် နိုင်ငံ တည်ငြိမ်းရေးအတွက် အရေးပါဟု NLD ထုတ်ပြန်

ဆုံးဖြတ်ချက်မူကြမ်းကို ဦးဆောင်ရေးဆွဲကာ အတည်ပြုချက်ရရှိနိုင်ရေး ကြိုးပမ်းပေးခဲ့သော ဗြိတိန်နိုင်ငံနှင့် ဝိုင်းဝန်း ဆွေးနွေးပေးခဲ့ကြသော လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်/ကျဉ်းများလွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တောင်းဆိုချက် နိုင်ငံ တည်ငြိမ်းရေးအတွက် အရေးပါဟု NLD ထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်/ကျဉ်းများလွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တောင်းဆိုချက် နိုင်ငံ တည်ငြိမ်းရေးအတွက် အရေးပါဟု NLD ထုတ်ပြန်

မြန်မာနိုင်ငံအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့သောဆုံးဖြတ်ချက် နှင့်ပတ်သက်ပြီး လှိုက်လှဲစွာ ကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်လိုက်ပြီး ဆုံးဖြတ်ချက်တွင် ပါဝင်သော မတရားဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အထိန်းသိမ်းခံများအား စစ်ကောင်စီမှ ခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုချက် သည် မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် အရေးပါသော ခြေလှမ်းဟုခံယူကြောင်း အသိပေးဖော်ပြသည်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုအပေါ်လက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက် နေမှုများ၊ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုများကျူးလွန်နေခြင်းကိုလည်း အပြီးတိုင်ချုပ်ငြိမ်းရန် စစ်ကောင်စီအား လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးနိုင်ရေးအတွက် နိုင်ငံတစ်ခုချင်းစီ၏ ပူးပေါင်းကြိုးပမ်းမှုကိုလည်း မဖြစ်မနေလိုအပ်ချက် တစ်ခုဟု ယုံကြည်မျှော်လင့် ကြောင်း NLD ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသောအခြေအနေများနှင့်ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား ချမှတ်အတည်ပြုနိုင်ခဲ့ခြင်းသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ် ရေးရယူနိုင်ပြီးနောက်ပိုင်း မြန်မာ့အရေး နှင့်ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပထမဆုံး သော ဆုံးဖြတ်ချက်ဖြစ်သကဲ့သို့ တည်ဆဲဥပဒေများကို ချိုးဖောက်၍ အဓမ္မအာဏာ သိမ်းထားသော စစ်ကောင်စီကို မြန်မာပြည်သူတွေကိုယ်စား အရေးယူနိုင်မည့် အလားအလာများ ထုတ်ဖော်ပြသ လိုက်ခြင်းဖြစ်၍ ကြိုဆိုသည်ဟု NLDက ထုတ်ပြန်သည်။

အဆိုပါဆုံးဖြတ်ချက်သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ၎င်းတို့အားဆန့်ကျင်သည့် ပြည်သူလူထုကို မတရားဖမ်းဆီးနှိပ်စက်သည့်အပြင် တိုင်းရင်းသားနယ်မြေများနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့ကို လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ ကျေးရွာများကိုမီးရှို့ဖျက်ဆီးခြင်း စသည့်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ရဲရင့်ပြတ်သားစွာတုံ့ပြန်နေကြသော ပြည်သူလူထု၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုခြင်းဟု ခံယူကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆုံးဖြတ်ချက်မူကြမ်းကို ဦးဆောင်ရေးဆွဲကာ အတည်ပြုချက်ရရှိနိုင်ရေး ကြိုးပမ်းပေးခဲ့သော ဗြိတိန်နိုင်ငံနှင့် ဝိုင်းဝန်း ဆွေးနွေးပေးခဲ့ကြသော လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းလည်း ဖော်ပြထားသည်။

NLD၏ ထုတ်ပြန်ချက်တွင် အာဆီယံအဖွဲ့၏ ဘုံသဘောတူညီချက် ၅ချက်နှင့်ပတ်သက်သည့် သဘောထားကို ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အာဆီယံအဖွဲ့၏ ဘုံသဘောတူညီချက် ငါးချက် ကို အခြေခံမှုသည် ပြည့်စုံလုံလောက်မှုမရှိသော်လည်း ပြဿနာများပြေလည်ရေးလမ်းစ ဖြစ်လာနိုင်သဖြင့် နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် ပိုမိုတက်ကြွစွာ အချိန်ကာလတစ်ခုသတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် NLDက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။