Connect with us

Hi, what are you looking for?

သတင်း

ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် လက်မခံနိုင်ဘူးလို့ စစ်ကောင်စီတုံ့ပြန်

နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို တာဝန်ယူရတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့ပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် လက်မခံနိုင်ဘူးလို့ စစ်ကောင်စီတုံ့ပြန်
ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် လက်မခံနိုင်ဘူးလို့ စစ်ကောင်စီတုံ့ပြန်

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် ကို မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်း စစ်ကောင်စီက ဒီနေ့ မှာတုံ့ပြန်ထုတ်ပြန်လိုက်ပါတယ်။

ဒီလို လက်မခံနိုင်ကြောင်း စစ်ကောင်စီက အကြောင်းပြရာမှာ မြန်မာနိုင်ငံအရေးဟာ ပြည်တွင်းရေးသာဖြစ်ပြီးနိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှု မရှိဘူးလို့ ဖော်ပြပါတယ်။

ဒါကြောင့် လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်ထဲ မရှိတဲ့ကိစ္စရပ်ဖြစ်တယ်လို့လည်း စစ်ကောင်စီက တုံ့ပြန်ပါတယ်။

မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံသာအသိဆုံးဖြစ်ပြီး ပြည်ပနိုင်ငံတွေရဲ့ဖိအားပေးကြားဝင် ဆောင်ရွက်မှုတွေဟာအောင်မြင်မှု မရဘူးလို့လည်း စစ်ကောင်စီက ဆိုထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ဖိအားပေးမှုတွေဟာ အထောက်အကူဖြစ်မှာမဟုတ်တဲ့အပြင် လက်ခံမှာလည်းမဟုတ်ဘူးလို့စစ်ကောင်စီက ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အပေါ် သဘောထားထုတ်ပြန်ပါတယ်။

နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို တာဝန်ယူရတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ မတရားဖမ်းထားသူတွေကိုလွှတ်ပေးဖို့ ၊ လူထုရဲ့ ဆန္ဒကိုလေးစားလိုက်နာဖို့အချက်တွေပါဝင်ပါတယ်။

လုံခြုံရေးကောင်စီဟာအရင်ကလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီးကြေညာချက်တွေထုတ်ပြန်ဖူးပါတယ်။

ဒီတစ်ခေါက်ကတော့ ကြေညာချက်မဟုတ်ဘဲ ကောင်စီရဲ့ ဆုံးဖြတ်ချက်ဖြစ်သွားပြီး လေးစားလိုက်နာရမယ့်အဆင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မလိုက်နာရင် စစ်ကောင်စီကိုဘယ်လိုအရေးယူမလဲဆိုတဲ့အဆင့်ထိတော့မပါဝင်လာသေးတာတွေ့ရတယ်လို့ NUG အစိုးရရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook