Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီယာဥ်တန်း ငါးကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာ – မန္တလေးလမ်းမကြီးပေါ်၌ စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ပြည်သူများ စစ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

(မုံရွာ - မန္တလေးလမ်းပိုင်းတွင် သွားလာနေသော စစ်ကောင်စီယာဉ်တန်းအား ပြီးခဲ့သည့် နှစ်ပိုင်းက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းပိုင်းတွင် သွားလာနေသော စစ်ကောင်စီယာဉ်တန်းအား ပြီးခဲ့သည့် နှစ်ပိုင်းက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက အင်အားအပြည့်လိုက်ပါလာသော စစ်ကောင်စီယာဥ်တန်းအား ငါးကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Knight Defense Force Myinmu က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ၂၆ ရက်)နံနက် ၃ နာရီ ၁၅မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် အင်အားအပြည့်ပါ စစ်ကောင်စီယာဥ် သုံးစီးကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြား၌ ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Knight Defense Force Myinmu က အသိပေးသည်။

“စစ်ယာဉ်တန်းကို ငါးကြိမ်မိုင်းဆွဲခဲ့တယ်။ ကား သုံးစီးလုံးထိထိမိမိမှန်ပြီး အများအပြားထိခိုက် သေဆုံးနိုင်တယ်။ စ…(စစ်ကောင်စီတပ်သား) ကားပေါ်က ပြန်လည်ပစ်ခက်မှုတွေရှိပေမယ့် တော်လှန်ရေးအဖွဲ့သားများ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။”ဟု People’s Knight Defense Force Myinmu အဖွဲ့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို People’s knight Defense Force Myinmu ( PKDF-MMU)နှင့် People’ Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စသည့် ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မုံရွာ – မန္တလေးလမ်းမကြီးပေါ်၌ စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ပြည်သူများ စစ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။