Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းဘေးကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများလည်းရှိနေပြီး ယမန်နေ့ကပင် စစ်ကားကိုကျော်တက်မိသည့် ခရီးတင်ယာဥ်ပစ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလ​ည်း ရှိခဲ့သည်။

မုံရွာကျောက္ကာလမ်းပေါ်က စစ်ကောင်စီတပ်များ (ပုံဟောင်း)ဓာတ်ပုံ - CJ
မုံရွာကျောက္ကာလမ်းပေါ်က စစ်ကောင်စီတပ်များ (ပုံဟောင်း)ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးဘေးကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်လုပ် (၄၀)မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People Revolution Force Kyaukse အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၂၄ ရက်) မွန်းလွဲ ၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ထီးဆောင်းကျေးရွာနှင့်ညောင်ပင်ဝန်းကျေးရွာကြား နဘဲကြူးဇရပ်အနီးရှိ လမ်းဘေးခြံတစ်ခုအတွင်း ဝပ်ကင်းယူထားသော စစ်ကောင်စီတပ်၏ အင်အား၂၀ခန့်အား လက်လုပ် (၄၀) မမများဖြင့် ဒေသတွင်းမဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း​​ဖြစ်ကြောင်း People Revolution Force Kyaukse အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ထီးဆောင်းမှာတပ်စွဲထားတာရှိပါတယ်။ ၂၃ ရက်နေ့က ထီးဆောင်းကိုဒေသခံ PDF တွေကလာရောက်တိုက်ခိုက်ပါတယ်။ အဲဒါကြောင့် သူတို့ကင်းပုန်းလာဝပ်တာပါ။ ကျွန်တော်တို့ကဒီဘက်ကနေဖြတ်တောက်ပေးတာပါ။”ဟု ၎င်းတာဝန်ခံက ပြောသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ပြင်းထန်ဒဏ်ရာများရရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို People Revolution Force Kyaukse၊ အမရစစ်သည်တော်ကာကွယ်ရေးအဖွဲ့၊ Farmer Revolution Force(SGG)၊ Kyaukse District Defense Force၊ PDF တောင်သာ၊ Dragon Brother Defense Force မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများလည်းရှိနေပြီး ယမန်နေ့ကပင် စစ်ကားကိုကျော်တက်မိသည့် ခရီးတင်ယာဥ်ပစ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလ​ည်း ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။