Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် စစ်တပ်ကညပိုင်းစစ်​ကြောင်းထိုး​နေ၍ စစ်​ရှောင်ပြည်သူများသတိပြုရန် PDFတိုက်တွန်း

နေ့ဘက်တိုက်ပွဲများတွင်အထိနာနေသဖြင့် စစ်ကောင်စီစစ်ကြောင်းများသည် ယခုအခါ ညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို အသုံးပြုလာသည်ဟုမြောင်မြို့နယ် လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -CDSOMတာဝန်ခံကိုနွေဦးကပြောသည်။

(စစ်ဘေးရှောက်ပြည်သူများအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကူညီ​ထောက်ပံ့စဥ်။ ဓါတ်ပုံ-CDSOM)
(စစ်ဘေးရှောက်ပြည်သူများအားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ကူညီ​ထောက်ပံ့စဥ်။ ဓါတ်ပုံ-CDSOM)

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကညဘက်စစ်ကြောင်းထိုးသည့် ပုံစံပြောင်းနေသောကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ပိုမိုသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးသည်။

နေ့ဘက်တိုက်ပွဲများတွင်အထိနာနေသဖြင့် စစ်ကောင်စီစစ်ကြောင်းများသည် ယခုအခါ ညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို အသုံးပြုလာသည်ဟုမြောင်မြို့နယ် လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -CDSOMတာဝန်ခံကိုနွေဦးကပြောသည်။

Public Service Announcement
Public Service Announcement

” ပြည်သူတွေဘက်က ပိုပြီးသတိထားဖို့လိုနေတယ်။ တောထဲမှာစစ်ရှောင်နေကြရတော့ စစ်ကြောင်းကသူတို့ကိုမိုင်းဆွဲမယ့်သူတွေထင်ပြီးလည်း ပစ်ခတ်သွားနိုင်တယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်တွေကတော့စစ် ​ေ-လမ်းကြောင်းကို အမြဲပို့နေပါတယ်” ဟု ကိုနွေဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည်မြောင်မြို့နယ်အတွင်းကျေးရွာများကို ဒီဇင်ဘာလဆန်းပိုင်းက စစ်ကြောင်းထိုးခဲ့စဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။ထို့ကြောင့်ယခုအခါညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို စစ်ကောင်စီက အသုံးပြုလာခြင်းဖြစ်သည်။ထို​ကြောင့်ဒေသတွင်းပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် ယခုရက်ပိုင်းအတွင်းတွေ့ဆုံကာစစ်ကောင်စီတပ်၏ပြောင်းလဲလာသည့်ဗျူဟာများကို တုန့်ပြန်ရေးဆွေးနွေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သည်အမျိုးသားညီညွတ်ရေးအစိုးရ၏ စာသင်ကျောင်းများ၌ကျောင်းမတက်ကြရန်လည်း မြောင်မြို့ပေါ်တွင် လိုက်လံစည်းရုံးနေသည်ဟု​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။