Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ် ဆယ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က PDF ရဲဘော်တစ်ဦးကို မီးရှို့သတ်ဖြတ်

“မနက်အစောကြီးဝင်လာ​တော့ အငိုက်မိသွားပြီး ကို မြတ်သူအောင် အဖမ်းခံလိုက်ရတာ။ စ…(စစ်ကောင်စီတပ်သား)လက်ထဲကနေ သေနတ်လုပြီး ပြန်ပစ်တာမှာ နောက်ကနေ အပစ်ခံလိုက်ရတယ်။ ကိုမြတ်သူအောင်ကို မီးလည်းရှို့သွားတယ်”ဟု ကိုနွေဦးက ပြောသည်။

ကျဆုံး ရဲဘော်၏ ရုပ်အကြွင်းအကျန်အား ဆက်လက် မီးရှို့သင်္ဂြိုဟ်နေစဉ်။ ဓာတ်ပုံ - CDSOM ကိုနွေဦးမြောင်
ကျဆုံး ရဲဘော်၏ ရုပ်အကြွင်းအကျန်အား ဆက်လက် မီးရှို့သင်္ဂြိုဟ်နေစဉ်။ ဓာတ်ပုံ - CDSOM ကိုနွေဦးမြောင်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ဆယ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကို ပစ်ခတ်ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်သွားသည်။

စစ်ကောင်စီတပ်သည် ဆယ်ရွာအတွင်းသို့ ယနေ့(ဒီဇင်ဘာလ ၂၀ရက်)နံနက် ၅နာရီခန့်တွင် ရောက်လာပြီး စစ်ကြောင်းထိုးခဲ့​​ခြင်း ဖြစ်သည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူသည် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေါင်းစစ်သည်မှ ရဲဘော် ကိုမြတ်သူအောင်ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDSOM) တာဝန်ခံ ကိုနွေဦးက ပြောသည်။

“မနက်အစောကြီးဝင်လာ​တော့ အငိုက်မိသွားပြီး ကို မြတ်သူအောင် အဖမ်းခံလိုက်ရတာ။ စ…(စစ်ကောင်စီတပ်သား)လက်ထဲကနေ သေနတ်လုပြီး ပြန်ပစ်တာမှာ နောက်ကနေ အပစ်ခံလိုက်ရတယ်။ ကိုမြတ်သူအောင်ကို မီးလည်းရှို့သွားတယ်”ဟု ကိုနွေဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကိုမြတ်သူအောင်၏ အလောင်းကို ရွာလယ်တွင် ချထားခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် CDSOM ၏ လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်သည် ဆယ်ရွာဒေသခံ ၁၀၀ခန့်ကိုလည်း ဖမ်းဆီးရိုက်နှက်ပြီး နံနက် ၁၀နာရီခန့်တွင် ကျေးရွာမှ ထွက်ခွာသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။ ၎င်းတို့စစ်ကြောင်းကို မတိုက်ခိုက်ရန်နှင့် တိုက်ခိုက်ပါက ရွာကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်သွားခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။