Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်အမှု ၅ နဲ့ လာမယ့်သောကြာနေ့ ထောင်ထပ်ချမယ်

အမိန့်ချ မယ့်ရက်ကို လာမယ့် ၂၀၂၃ ခုနှစ်ကိုမကူးစေဘဲ ဒီဇင်ဘာလ ၃၀ ရက်ကို စစ်ကောင်စီတရားရုံး က သတ်မှတ်လိုက်တာလို့ အဲဒီတရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှု ပေါင်း ၁၉ မှုအနက် နောက်ဆုံးလက်ကျန် ၅ မှု ကို လာမယ့်သောကြာနေ့ ( ဒီဇင်ဘာလ ၃၀ ) ရက်မှာ အမိန့်ချမယ်လို့သိရပါတယ်။

အဲဒီအမှု ၅ မှုအတွက် ဒီနေ့ နေပြည်တော် အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးမှာ အပြီးသတ် လျှောက်လဲချက်ပေးကြပါတယ်။

အမိန့်ချ မယ့်ရက်ကို လာမယ့် ၂၀၂၃ ခုနှစ်ကိုမကူးစေဘဲ ဒီဇင်ဘာလ ၃၀ ရက်ကို စစ်ကောင်စီတရားရုံး က သတ်မှတ်လိုက်တာလို့ အဲဒီတရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

လက်ကျန်အမှု ၅ မှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့အဂတိပုဒ်မတွေနဲ့ စွဲဆိုထားတာပါ။

Public Service Announcement

Public Service Announcement

NLD အစိုးရလက်ထက်မှာ သဘာဝဘေးအတွက် ပုဂ္ဂလိက ရဟတ်ယာဉ် ဌားရမ်းတာ ၊အီတလီထုတ်ရဟတ်ယာဉ် ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲတာလည်းဖြစ်ပါတယ်။

အမှုအတွက် NLD အစိုးရ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူတို့က ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုကြပြီး NLD အစိုးရဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ထွက်ဆိုကြပါတယ်။

လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထားပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။