Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်အမှု ၅ နဲ့ လာမယ့်သောကြာနေ့ ထောင်ထပ်ချမယ်

အမိန့်ချ မယ့်ရက်ကို လာမယ့် ၂၀၂၃ ခုနှစ်ကိုမကူးစေဘဲ ဒီဇင်ဘာလ ၃၀ ရက်ကို စစ်ကောင်စီတရားရုံး က သတ်မှတ်လိုက်တာလို့ အဲဒီတရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှု ပေါင်း ၁၉ မှုအနက် နောက်ဆုံးလက်ကျန် ၅ မှု ကို လာမယ့်သောကြာနေ့ ( ဒီဇင်ဘာလ ၃၀ ) ရက်မှာ အမိန့်ချမယ်လို့သိရပါတယ်။

အဲဒီအမှု ၅ မှုအတွက် ဒီနေ့ နေပြည်တော် အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးမှာ အပြီးသတ် လျှောက်လဲချက်ပေးကြပါတယ်။

အမိန့်ချ မယ့်ရက်ကို လာမယ့် ၂၀၂၃ ခုနှစ်ကိုမကူးစေဘဲ ဒီဇင်ဘာလ ၃၀ ရက်ကို စစ်ကောင်စီတရားရုံး က သတ်မှတ်လိုက်တာလို့ အဲဒီတရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

လက်ကျန်အမှု ၅ မှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့အဂတိပုဒ်မတွေနဲ့ စွဲဆိုထားတာပါ။

Public Service Announcement

Public Service Announcement

NLD အစိုးရလက်ထက်မှာ သဘာဝဘေးအတွက် ပုဂ္ဂလိက ရဟတ်ယာဉ် ဌားရမ်းတာ ၊အီတလီထုတ်ရဟတ်ယာဉ် ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲတာလည်းဖြစ်ပါတယ်။

အမှုအတွက် NLD အစိုးရ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူတို့က ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုကြပြီး NLD အစိုးရဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ထွက်ဆိုကြပါတယ်။

လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထားပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။