Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် ဖောင်းကွဲရွာတိုက်ပွဲ PDF ရဲဘော် နှစ်ဦးကျဆုံး

ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက် ခဲ့ကြသည်။

မြိုင်နယ် ဖောင်းကွဲရွာတိုက်ပွဲ PDF ရဲဘော် နှစ်ဦးကျဆုံး
မြိုင်နယ် ဖောင်းကွဲရွာတိုက်ပွဲ PDF ရဲဘော် နှစ်ဦးကျဆုံး

▪️ဒေသခံ ငါးဦးကိုလည်း စစ်ကောင်စီတပ် သတ်ဖြတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာတိုက်ပွဲတွင် ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးအား စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း Pakokku Underground Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက် ခဲ့ကြသည်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း၊ မဟာမိတ်ရဲဘော် နှစ်ဦးနှင့် ပြည်သူငါးဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း Pakokku Underground Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ပွဲအတွင်း ကျည်ထိမှန်ပြီး လဲကျကျန်နေခဲ့တာ။ စကစတပ်တွေတတ်လာတော့ မိသွားပြီး တစ်ဦးကိုခေါင်းဖြတ်ပြီး ပစ်သတ်ခဲ့သလို ကျန်တစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့်လည်း စစ်ကြောင်းအခြေအနေများအား အမြဲသတိထားနားစွင့်နေကြပါရန် Pakokku Underground Force က မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်သည် အဆိုပါနေ့က မြိုင်မြို့ နယ်၊ ဖောင်းကားရွာ၌ ပြည်သူလေးဦးကိုလည်း သတ်ဖြတ် ခဲ့သည်။ ထို့အပြင် တောင်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ CDM ဆရာမ၏ဖခင်ဖြစ်သူ အသက် (၈၆)နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။

ထို့အပြင် နေအိမ် ၄၅ လုံး၊ ကားနှင့် ဆိုင်ကယ်များ၊ မြေပဲတင်း ၃၀၊စပါးတင်း ၅၀၊နှမ်းတင်း ၄၀ လည်းမီးထဲပါသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။