Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ နှစ်ကြိမ်ထပ်မံတိုက်ခိုက်၊ ညပိုင်းတွင် လက်နက်ကြီးပစ်ခတ်နေ

စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံ ရွာသား တစ်ဦး လက်တွင်ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)

▪️ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့၊စစ်ဘေးရှောင်များတိုးလာ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင် သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ယနေ့ (ဒီဇင်ဘာ ၂၇ရက်)တွင် လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံ ရွာသား တစ်ဦး လက်တွင်ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ပေးပို့)

“မနက်ကတော့ ရွာသစ်ရွာသာတစ်ယောက်လက် ထိသွားတယ်။ အိမ်မီးရှို့တာလည်းရှိတယ်။ စစ်ဘေးရှောင်က ရွာတွေထပ်ရှောင်လာတာရှိတယ်။ မြို့ဟောင်းတို့ရွာတွေ ကော့နွဲ့၊ရွာသစ်တို့ ထပ်ရှောင်လာပြီ။ မောင်းမရွာသစ်ရယ် သာယာကုန်းတို့လည်း ထပ်ရှောင်လာပြီ။ အဲဒါဆိုတော့ စစ်ဘေးရှောင် ပိုများလာတယ်”ဟု ကော့ကရိတ်ဒေသခံက ယနေ့ စစ်ရေးအခြေအနေကို ပြောပြသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ပေးပို့)

၎င်းက ဆက်လက်၍ “တိုက်ပွဲကလည်း နေ့စဉ်ဖြစ်တယ်။ လေယာဉ်ကလည်း တစ်နေကုန်ဝဲတယ်။ လေယာဉ် လာပစ်သွားတာ ၂ကြိမ်ပစ်သွားတယ်။ နောက်တစ်ခါ ကင်းထောက်လေယာဉ်တွေ တောက်လျှောက်ပဲ။ အခု မိုးချုပ်ပိုင်းမှာ တော့ လက်နက်ကြီးတွေ အရမ်းကို လိုက်ထုနေတယ်။ ရွာထိခိုက်နစ်နာမှု အားလုံးတော့ မသိရသေးဘူး။ အိမ်က ဘယ်နှစ်လုံးမီးရှို့ခံရတယ်ဆိုတာ မပြောနိုင်သေးဘူး။ သူများပြောတာ လေးလုံးတို့ ငါးလုံးတို့လို့တော့ ပြောတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ပေးပို့)

ကော့နွဲ့ရွာ မီးလောင်မှုမှာ စစ်ကောင်စီတပ်က မီးရှို့ခြင်းဖြစ်ပြီး အိမ်ခြေမည်မျှမီးလောင်သည်ကို မသိရသေးဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှု ၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတို့ကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိနေသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။