Connect with us

Hi, what are you looking for?

သတင်း

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များကို နိုင်ငံရေး‌လောကမှ ဖယ်ထုတ်ရန် စစ်အုပ်စုလုပ်ဆောင်နေဟု အီးယူထုတ်ပြန်

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းဖော်ပြပြီး အထက်ပါနိုင်ငံ့ခေါင်းဆောင်များအပေါ် တရားစွဲ၊ ထောင်ဒဏ်ချမှတ်ခြင်းများကို နိုင်ငံရေးလှုံ့ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းဖြစ်သည်ဟု ကနဦးကတည်းက သတ်မှတ်ထားသည်။

ဥရောပပါလီမန်၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ပုံဟောင်း)
ဥရောပပါလီမန်၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ပုံဟောင်း)

သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အုပ်စုက ထောင်ဒဏ်ထပ်မံချမှတ်ခြင်းမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များကို နိုင်ငံရေး‌လောကမှ ဖယ်ထုတ်ရန် လုပ်ဆောင်သည့် ပြတ်သားသော ကြိုးပမ်းမှုဖြစ်ကြောင်း ဥရောပသမဂ္ဂက ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) ထုတ်ပြန်သည်။

ယင်းသို့ ထောင်ဒဏ်ချမှတ်မှုများသည် မြန်မာနိုင်ငံတွင်း ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို သဏ္ဍန်ထင်ဟပ်နေသည်ဟု ဥရောပသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဖော်ပြသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းဖော်ပြပြီး အထက်ပါနိုင်ငံ့ခေါင်းဆောင်များအပေါ် တရားစွဲ၊ ထောင်ဒဏ်ချမှတ်ခြင်းများကို နိုင်ငံရေးလှုံ့ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းဖြစ်သည်ဟု ကနဦးကတည်းက သတ်မှတ်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၆ ရက်၊ ၂၀၂၂ ဇန်နဝါရီ ၁၁ ရက် ၊ ဧပြီ ၂၇ ရက်၊ စက်တင်ဘာ ၂၉ ရက် နေ့များတွင် ထုတ်ဖော်ပြောခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သူများအားလုံးပါဝင်သည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုမှသာလျှင် တိုင်းပြည်တွင် ကြုံတွေ့နေရသည့် နက်ရှိုင်းသော အကျပ်အတည်းမှ လွတ်မြောက်နိုင်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်နိုင်မည်ဟု ဥရောပသမဂ္ဂက ယုံကြည်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သဘောထားရပ်တည်ချက်မှာ ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

ဥရောပသမဂ္ဂသည် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အများအပြားအတွက် အလွန်စိုးရိမ်လျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အရေးတကြီး တောင်းဆိုချက်ကို ယနေ့ ထပ်လောင်းပြောကြားသည်။

စစ်အာဏာသိမ်းမှု၏ ဒုတိယမြောက် နှစ်ပတ်လည် နီးကပ်လာသည်နှင့်အမျှ စစ်ကောင်စီ၏ လုပ်ရပ်များသည် လူ့ဂုဏ်သိက္ခာနှင့် ပြည်သူများ၏ ဆန္ဒကို လုံး၀ အသိအမှတ်ပြု လေးစားမှုမရှိကြောင်း ဆက်လက်ပြသနေကြောင်း အီးယူက ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။