Connect with us

Hi, what are you looking for?

သတင်း

လက်ကျန်အမှု ၅ မှု နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင်ဒဏ် ၇ နှစ်ထပ်ချ

ဒီနေ့အမိန့်ချတဲ့ အမှု ၅ မှုဟာ NLD အစိုးရလက်ထက်မှာ သဘာဝဘေးအတွက် ပုဂ္ဂလိက ရဟတ်ယာဉ် ဌားရမ်းတာ ၊အီတလီထုတ်ရဟတ်ယာဉ် ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲတာလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ စစ်ကောင်စီ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချထား
ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ စစ်ကောင်စီ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချထား

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ စစ်ကောင်စီ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချထား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးလက်ကျန် ၅ မှုအတွက် ဒီနေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချလိုက်တယ်လို့ သိရပါတယ်။

အမှု ၅ မှုမှာ ၄ မှုကို ၁ မှု ထောင်ဒဏ် ၃ နှစ်စီချပေမယ့် စစ်ကောင်စီတရားရုံးက အဲဒီ ၄ မှုကိုတပေါင်းတည်း အဖြစ် ၃နှစ်သာကျ ခံဖို့ ဆုံးဖြတ်တယ်လို့ လို့သိရပါတယ်။

ကျန်တဲ့ ၁ မှုကိုတော့ ထောင်ဒဏ် ၄ နှစ် ချပြီး သီးခြားကျခံဖို့ အမိန့်ချတာကြောင့် လက်ကျန်အမှု ၅ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၇ နှစ် ဒီနေ့ချတာလို့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးနဲ့ နီးစပ်သူအချို့ထံက သိရပါတယ်။

ဒီနေ့အမိန့်ချတဲ့ အမှု ၅ မှုဟာ NLD အစိုးရလက်ထက်မှာ သဘာဝဘေးအတွက် ပုဂ္ဂလိက ရဟတ်ယာဉ် ဌားရမ်းတာ ၊အီတလီထုတ်ရဟတ်ယာဉ် ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခဲ့ပါတယ်။

အဲဒီအမှုတွေအတွက် ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ်ပါ ပါရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ ချထားတဲ့ ထောင်ဒဏ် ဟာ ၃၃ နှစ်ထိ ရှိပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေအားလုံး ပြီးပြတ်သွားပြီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။