Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ကျန်အမှု ၅ မှု နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင်ဒဏ် ၇ နှစ်ထပ်ချ

ဒီနေ့အမိန့်ချတဲ့ အမှု ၅ မှုဟာ NLD အစိုးရလက်ထက်မှာ သဘာဝဘေးအတွက် ပုဂ္ဂလိက ရဟတ်ယာဉ် ဌားရမ်းတာ ၊အီတလီထုတ်ရဟတ်ယာဉ် ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲတာလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ စစ်ကောင်စီ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချထား
ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ စစ်ကောင်စီ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချထား

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ စစ်ကောင်စီ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ချထား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးလက်ကျန် ၅ မှုအတွက် ဒီနေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချလိုက်တယ်လို့ သိရပါတယ်။

အမှု ၅ မှုမှာ ၄ မှုကို ၁ မှု ထောင်ဒဏ် ၃ နှစ်စီချပေမယ့် စစ်ကောင်စီတရားရုံးက အဲဒီ ၄ မှုကိုတပေါင်းတည်း အဖြစ် ၃နှစ်သာကျ ခံဖို့ ဆုံးဖြတ်တယ်လို့ လို့သိရပါတယ်။

ကျန်တဲ့ ၁ မှုကိုတော့ ထောင်ဒဏ် ၄ နှစ် ချပြီး သီးခြားကျခံဖို့ အမိန့်ချတာကြောင့် လက်ကျန်အမှု ၅ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၇ နှစ် ဒီနေ့ချတာလို့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးနဲ့ နီးစပ်သူအချို့ထံက သိရပါတယ်။

ဒီနေ့အမိန့်ချတဲ့ အမှု ၅ မှုဟာ NLD အစိုးရလက်ထက်မှာ သဘာဝဘေးအတွက် ပုဂ္ဂလိက ရဟတ်ယာဉ် ဌားရမ်းတာ ၊အီတလီထုတ်ရဟတ်ယာဉ် ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခဲ့ပါတယ်။

အဲဒီအမှုတွေအတွက် ဒီနေ့ချလိုက်တဲ့ ထောင်ဒဏ်ပါ ပါရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီ ချထားတဲ့ ထောင်ဒဏ် ဟာ ၃၃ နှစ်ထိ ရှိပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေအားလုံး ပြီးပြတ်သွားပြီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။