Connect with us

Hi, what are you looking for?

သတင်း

ယာယီသမ္မတ မနက်ဖြန် နှစ်သစ်ကူးနိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမည်

လာမည့်နှစ်သစ်တွင် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် တော်လှန်ရေးကိုအရှိန်မြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားသည်။

ယာယီသမ္မတ မနက်ဖြန် နှစ်သစ်ကူးနိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမည်
ယာယီသမ္မတ မနက်ဖြန် နှစ်သစ်ကူးနိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမည်

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှိးလ အနေဖြင့် ပြည်သူလူထုထံ နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားခြင်းကို မနက်ဖြန် ၂၀၂၃ ဇန်နဝါရီ ၁ရက် နံနက် ၇နာရီတွင် ပြောကြားသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ယာယီသမ္မတအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်း ဒီဇင်ဘာ ၂၇ရက်ကကျင်းပခဲ့သည့် အစည်းအဝေးတွင် လာမည့် ၂၀၂၃အတွင်း ပီပီပြင်ပြင် ပြတ်ပြတ် သားသားဖြစ်မည့် နိုင်ငံရေးရလဒ်တစ်ခု ထပ်မံပေါ်ထွက်လာအောင် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားထားသကဲ့သို့ စစ်ရေးတွင်လည်း စစ်ကောင်စီ၏ ပင်မအရင်းကို တူးဖြိုပစ်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားထားသည်။

Public Service Announcement
Public Service Announcement

လာမည့်နှစ်သစ်တွင် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် တော်လှန်ရေးကိုအရှိန်မြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားသည်။

လာမည့်နှစ်ကို တော်လှန်ရေးအဆုံးအဖြတ် နှစ်အဖြစ် သတ်မှတ်ကာ စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံက ထိုးစစ်ဆင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ နှစ်သစ်ကူးညကို နှုတ်ဆက်ဖို့ စူပါမားကတ်တွေ၊ အကင်ဆိုင်တွေ၊ အဖျော်ယမကာဆိုင်တွေမှာ လူတွေ ကြိတ်ကြိတ်တိုးခဲ့တယ်။ ပုဂံ၊ ပြင်ဦးလွင်၊ ချောင်းသာ၊ကျိုက်ထီးရိုး စတဲ့နေရာတွေလည်း ဧည့်သည်တွေ တိုးဝှေ့နေခဲ့တယ်။ စစ်ကောင်စီက လုပ်ပေးတဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ စတိတ်ရှိူးပွဲတွေမှာလည်း လူတွေ စည်ကားခဲ့တယ်။

နိုင်ငံတကာ

၂၀၂၆ ခုနှစ် စတင် ဝင်ရောက်လာခြင်းကို ကမ္ဘာတလွှားက နိုင်ငံအသီးသီးမှာ ပြည်သူတွေက စုဝေးပြီး ကြိုဆိုခဲ့ကြပါတယ်။