Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အရှိုက်ကိုင်လှုပ်နိုင်မည့် ထိုးစစ် လုပ်ဆောင်ရမည်ဟု ယာယီသမ္မတပြော

ယနေ့ ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက စစ်ရေးကိစ္စများ ဆောင်ရွက်ရန်နှင့် ပတ်သက်သည့် လမ်းညွှန်ချက်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အရှိုက်ကိုင်လှုပ်နိုင်မည့် ထိုးစစ် လုပ်ဆောင်ရမည်ဟု ယာယီသမ္မတပြော
စစ်ကောင်စီ၏ အရှိုက်ကိုင်လှုပ်နိုင်မည့် ထိုးစစ် လုပ်ဆောင်ရမည်ဟု ယာယီသမ္မတပြော

▪️“စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီ”

▪️ခုခံတော်လှန်နိုင်မှုသည် များစွာအရင်းအနှီးကြီးသည်ဆိုခြင်းကို မမေ့ရန် သတိပေး

စစ်ကောင်စီ၏ အရှိုက်ကို ကိုင်လှုပ်နိုင်မည့် ထိုးစစ် လုပ်ဆောင်ရမည်ဟု ယူဆကြောင်းနှင့် စစ်ကောင်စီ၏ ပင်မအရင်းကို တူးဖြိုပစ်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက စစ်ရေးကိစ္စများ ဆောင်ရွက်ရန်နှင့် ပတ်သက်သည့် လမ်းညွှန်ချက်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“စစ်ရေးရလဒ်မှာ စစ်ကောင်စီရဲ့ ဗဟိုချက်ကို ကိုင်လှုပ်နိုင်မယ့် အောင်မြင်မှုမျိုးကိုလည်း ဖန်တီးနိုင်ဖို့လိုတယ်လို့ ယူဆပါတယ်။ မြန်မာစကားပုံမှာ “အရင်းလဲ အဖျားထင်းဖြစ်”ဆိုတဲ့ စကားရှိပါတယ်။ စစ်ကောင်စီရဲ့ လက်တံတွေ/ ဒေါက်တိုင်တွေထဲမှာ အဖျားသား အနားသားတွေကို ထိုးနှက်နေခြင်းထက် ပင်စည်အရင်းကို လှဲပစ်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီ၏ အရှိုက်ကိုင်လှုပ်နိုင်မည့် ထိုးစစ် လုပ်ဆောင်ရမည်ဟု ယာယီသမ္မတပြော
စစ်ကောင်စီ၏ အရှိုက်ကိုင်လှုပ်နိုင်မည့် ထိုးစစ် လုပ်ဆောင်ရမည်ဟု ယာယီသမ္မတပြော

ယာယီသမ္မတက ဆက်လက်ပြီး “၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယုံကြည်ပါတယ်။ ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျ ဆင်နွှဲတဲ့နေရာမှာ ခုခံရုံနဲ့ မရဘူး၊ စစ်ကောင်စီအရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်မျိုးကိုလည်း လုပ်ဆောင်ရလိမ့်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုဝန်ကြီးချုပ် က မြေပြင်ရဲဘော်များနှင့် သွားရောက်တွေ့ဆုံခဲ့မှု ကို မြင်တွေ့ရ၍ ပိတိဖြစ်ရကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပြီး ယင်းသို့ ဆောင်ရွက်ချက်က အချင်းချင်းအကြား ယုံကြည်မှုနှင့် တော်လှန်ရေးအတွက် လက်တွဲခိုင်မာမှုကို ပိုတိုးတက်စေသည်ဟု ပြောသည်။

“NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာ အထိ ပြီးမြောက်အောင်မြင်တယ်လို့ ယုံကြည်ပါတယ်။ တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ/ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မှတ်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဟာ ဝမ်းသာစရာ / ပီတိဖြစ်စရာဖြစ်ပါတယ်။ ဒီလို ခုခံတော်လှန်နိုင်မှုဟာ သိပ်ပြီးအရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်။ ပျက်စီးသွားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ပြန်လည်ရှာဖွေလို့ ရတယ်ဆိုပေမယ့် လူထုက သွေးနဲ့ ချွေးနဲ့ ရင်းထား တဲ့/ တစ်ပြားတစ်ကျပ်က အစ … အင်မတန် တန်ဖိုးရှိပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့အပြင် တော်လှန်ရေးကာလလည်း (၂) နှစ်ပြည့်တော့မည်ဖြစ်ကြောင်း၊ မကြာမီရောက်ရှိ လာမည့် ၂၀၂၃တွင် ပြတ်ပြတ်သားသားဖြစ်မည့် နိုင်ငံရေးရလဒ် ထပ်မံ ပေါ်ထွက်လာရေး ကြိုးစားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“ဒီလို နိုင်ငံရေးရလဒ်မျိုးဟာ လူထုယုံကြည်မှုကိုရဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်ဖြစ်ဖို့လည်း ရည်ရွယ်ပါတယ်”ဟု ၎င်းက ဆိုသည်။

နွေဦးတော်လှန်ရေး၏ အောင်ပွဲအရပ်ရပ်သည် တော်လှန်ရေးအင်အားစု အားလုံးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အောင်ပွဲဖြစ်ကြောင်းလည်း ယာယီသမ္မတကပြောကြားပြီး အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် လူထုအားကိုးရသည့် အားကိုးထိုက်သည့် ယုံကြည်ထိုက်သည့် ခေါင်းဆောင်များ ဖြစ်အောင် အစဉ်အမြဲ ကြိုးစားအားထုတ်နေကြရန် မှာကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။