Connect with us

Hi, what are you looking for?

News

စမ်းချောင်းတွင် စစ်ကောင်စီကားတစ်စီး ဗုံးပစ်ခံရ၍ စစ်သားနှစ်ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

လက်ရှိတွင် စမ်းချောင်းရှိ ဂွစျေးအနီး၊ ကျွန်းတောလမ်း၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့ပြီး ရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာလမ်းဆုံအနီးတွင် ကင်းလှည့်နေသော အ​ကြမ်းဖက်စစ်ကောင်စီကားတစ်စီး ဗုံးပစ်ခံရ၍ စစ်သားနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ညနေ ၄ နာရီလောက်က စစ်ကားတစ်စီးသွားနေတုန်း ဗုံးပစ်ခံရတာပါ။ ကားပေါ်ပါလာတဲ့ စစ်သားတစ်ဦးတော့ ပွဲချင်းပြီးသေပြီး ဒဏ်ရာရတဲ့သူတွေလည်း များတယ် ပြောကြတယ်။ အခု စစ်သားတွေက အနီးအနားက လမ်းကြားတွေထိ လိုက်ရှာပြီး ပစ်နေလို့ ပစ်ခတ်သံတွေပါ ကြားနေရတာပါ။ ဗုံးပစ်သွားတဲ့လူကိုတော့ မမိဘူးလို့ သိရပါတယ်” ဟု စမ်း​ချောင်းမြို့နယ် ပြည်သူတစ်ဦးက ​ပြော
သည်။

လက်ရှိတွင် စမ်းချောင်းရှိ ဂွစျေးအနီး၊ ကျွန်းတောလမ်း၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့ပြီး ရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook