Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ကြောင်းဘေးရှိ ရွာများ ဗုံးကြဲခြင်း၊ ဒေသခံများ တိမ်းရှောင်ခိုင်းခြင်း စစ်ကောင်စီလုပ်ဆောင်နေ KIA ပြော

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းမှ ထွက်သွားရန် မကြာခဏပြောဆိုလာ၍ ပြည်သူအချို့သည် နီးစပ်ရာ ဆွေမျိုးအိမ်များနှင့်ဘုရားကျောင်းများသို့ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

(ရွှေကူမြို့နယ် ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားနေသော စစ်ကောင်စီရေယာဉ်အုပ်စုအား ၂၀၂၂ အောက်တိုဘာက တွေ့ရစဉ်၊ဓာတ်ပုံ - မြို့လှ PDF)
(ရွှေကူမြို့နယ် ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားနေသော စစ်ကောင်စီရေယာဉ်အုပ်စုအား ၂၀၂၂ အောက်တိုဘာက တွေ့ရစဉ်၊ဓာတ်ပုံ - မြို့လှ PDF)

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဧရာ၀တီမြစ် ကြောင်းဘေးတစ်လျှောက်ရှိ ကျေးရွာအချို့မှ ပြည်သူများကို ကျေးရွာအတွင်းမှ ထွက်ခွာသွားရန် စစ်ကောင်စီတပ်က ဖိအားပေးပြောဆိုနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့တွင် သတင်းဖော်ပြ သည်။

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းမှ ထွက်သွားရန် မကြာခဏပြောဆိုလာ၍ ပြည်သူအချို့သည် နီးစပ်ရာ ဆွေမျိုးအိမ်များနှင့်ဘုရားကျောင်းများသို့ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ ဒီဇင်ဘာ ၃၀ ရက် ညကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ရဟတ်ယာဉ်ဖြင့် ဧရာ၀တီမြစ်ကြောင်းတလျှောက်ရှိ ရေလည်၊ မြစေတီ ၊ သဖန်းပင်ကျေးရွာများရှိ ရွှေလုပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူအချို့ထိခိုက်မှုရှိခဲ့သည်ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

စစ်ကောင်စီအနေဖြင့်တိုက်ပွဲမရှိဘဲ ဗန်းမော်မြို့နယ် ဧရာတီမြစ်ကြောင်းတစ်လျှောက်ရှိကျေးရွာများမှ ပြည်သူများကို ကျေးရွာအတွင်းမှ အမြန်ထွက်ပြေးတိမ်းရှောင်ရန် ဖိအားပေး ပြောဆိုသည့်အပြင် ကျေးရွာအတွင်း ဆက်လက်နေထိုင်ပါက ဗုံးကြဲခြင်းများ ပြုလုပ်မည်ဟု ပြောဆိုခြိမ်းခြောက်နေကြောင်း KIAက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ ကချင်ပြည်နယ်သို့ စစ်လက်နက်များ စစ်အင်အားများ ရေကြောင်းမှ ပို့ဆောင် ရာတွင် ဗန်းမော်အပါအဝင် မြစ်ကြောင်းတစ် လျှောက်ဒေသများ၌ စစ်ကောင်စီရေယာဉ်များကို KIAနှင့် ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်မှုများ ရှိခဲ့သည်။

KIAနှင့် စစ်ကောင်စီတပ်သည် ယခု ရက်ပိုင်းအတွင်း ဆွမ်ပရာဘွမ်မြို့နယ်နှင့် မြစ်ကြီးနား- ချီဖွေလမ်းတို့၌ တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ