Connect with us

Hi, what are you looking for?

သတင်း

KIAထိန်းချုပ်ထား​သော လုံဂျာ​တောင်ကို စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၅ နာရီခန့်ကလည်း ဗန်းမော်မြို့ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရပြီး အကြောင်းရင်းကို မသိရသေးပေ။

KIAထိန်းချုပ်ထား​သော လုံဂျာ​တောင်ကို စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်
KIAထိန်းချုပ်ထား​သော လုံဂျာ​တောင်ကို စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်

ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) တပ်မဟာ (၃)ထိန်းချုပ်ထားသည့်မိုးမောက်မြို့ လုံဂျာတောင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေကြောင်း ​ဒေသခံများကပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နှင့် နှစ်မိုင်ခန့်အကွာရှိ လုံဂျာတောင်နေရာသို့ စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၇ရက်)နံနက်မှစတင်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

” လုံဂျာတောင်ကို လှမ်းပစ်နေတာ။ မနေ့က ဆယ်ချက်မကဘူးပစ်တယ်။ စစ်တပ်ကတစ်ဘက်သတ်ပစ်နေတာ” ဟု KIA နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးကပြောသည်။

လုံဂျာတောင်ကို KIA တပ်မဟာ (၃)၊ တပ်ရင်း(၁၅)က ထိန်းချုပ်ထားသည်။ ၂၀၂၂ နိုဝင်ဘာလကလည်း လုံဂျာတောင်ကို စစ်ကောင်စီက မြေပြင်မှ လာရောက်တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီးနောက် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။တိုက်ပွဲကာလ ဆယ်ရက်ကျော် ကြာခဲ့သည်။ သို့သော် ယင်းနေရာကို မသိမ်းယူနိုင်ခဲ့ပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့ကမူ လုံဂျာတောင်ကို သိမ်းယူနိူင်ခဲ့ကြောင်း သတင်းအမှား လွှင့်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၈၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု KIA သတင်းရင်းမြစ်များကထုတ်ပြန်ခဲ့သည်။

ဗန်းမော်မြို့နယ် ရွှေတောတွင်လည်း စစ်ကောင်စီနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။ဗန်းမော်မြို့ ၊သဖန်းပင်ရွာအနီး ဒေသအခေါ် ရွှေတောနေရာတွင် စစ်ကောင်စီနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ရက် နံနက်ကတည်းက တိုက်ပွဲဖြစ်ပွားနေခဲ့သည်။ စစ်ကောင်စီက လေကြောင်းမှ လာပစ်ခတ်နေ၍ ဒေသခံများသည် မြို့ပေါ်သို့ တိမ်းရှောင်လာခဲ့ကြသည်ဟု ဗန်းမော်မြို့ခံများကပြောသည်။

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၅ နာရီခန့်ကလည်း ဗန်းမော်မြို့ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရပြီး အကြောင်းရင်းကို မသိရသေးပေ။

လုံဂျာတောင်တိုက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရန် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်သော်လည်းအဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။