Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ပြည်ကြီးတံခွန် ရဲကင်း နဲ့ အုပ်ချုပ်ရေးမှူးရုံး ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခံရ

ဒီတိုက်ခိုက်မှုတွေကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ ACID Army PDF-MDY နဲ့ မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တို့ ပူးပေါင်းတိုက်ခိုက်တာလို့ အသိပေးထားပါတယ်။

မန္တလေး ပြည်ကြီးတံခွန် ရဲကင်း နဲ့ အုပ်ချုပ်ရေးမှူးရုံး ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခံရ
မန္တလေး ပြည်ကြီးတံခွန် ရဲကင်း နဲ့ အုပ်ချုပ်ရေးမှူးရုံး ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခံရ

မန္တလေးမှာ ဇန်နဝါရီလ ဒုတိယ ရက်သတ္တပတ်အတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မနေ့က ပြည်ကြီးတံခွန်မြို့နယ်ထဲက ရဲကင်းနဲ့ အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ရဲကင်းစခန်းနဲ့ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဆက်တိုက်ဆိုသလို ဗုံးနဲ့တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

” အသံက နှစ်ချက်ပဲ ၊ တော်တော်ကျယ်တယ်၊ အချိန်ခြားပြီး ကွဲတာ”လို့ သင်ပန်းကုန်းရဲကင်းစခန်းအနီး နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
Public Service Announcement

ဒီတိုက်ခိုက်မှုတွေကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ ACID Army PDF-MDY နဲ့ မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တို့ ပူးပေါင်းတိုက်ခိုက်တာလို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးနဲ့တိုက်ခိုက်ခံရတဲ့ သင်ပန်းကုန်းရဲကင်းစခန်းရှေ့ လမ်းမကို စစ်ကောင်စီက ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

မန္တလေးမှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက လူဦးရေစာရင်းလိုက်လံကောက်ယူမှုတွေရှိလာပြီးနောက် ပေါက်ကွဲမှုတွေရှိလာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။