Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကီလိုမီတာ ၁၀၀၀ ကျော် ပျံသန်းနိုင်တဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းတွေ ယူကရိန်း အသုံးပြုနိုင်ဖို့ ပိုနီးစပ်လာ

Ukroboronprom State Concern စက်မှု လုပ်ငန်းစုကြီးက အဲဒီ ဒရုန်းအသစ်ရဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ထုတ်ပြန် ပြသခဲ့ပါတယ်။ အဲဒီ ဒရုန်းကို လက်တွေ့ ပျံသန်းမှုတွေ စမ်းသပ် လုပ်ဆောင်ပြီးပြီလို့လည်း ဆိုပါတယ်။

ကီလိုမီတာ ၁၀၀၀ ကျော် ပျံသန်းနိုင်တဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းတွေ ယူကရိန်း အသုံးပြုနိုင်ဖို့ ပိုနီးစပ်လာ
ကီလိုမီတာ ၁၀၀၀ ကျော် ပျံသန်းနိုင်တဲ့ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းတွေ ယူကရိန်း အသုံးပြုနိုင်ဖို့ ပိုနီးစပ်လာ

ကီလိုမီတာ ၁၀၀၀ ကျော်လောက် အကွာက ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ပြည်တွင်းဖြစ် ဒရုန်း အမျိုးအစားသစ်ကို လက်တွေ့ စမ်းသပ်ထားပြီးပြီလို့ ယူကရိန်း ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ တစ်ခုက ကြေညာပါတယ်။

Ukroboronprom State Concern စက်မှု လုပ်ငန်းစုကြီးက အဲဒီ ဒရုန်းအသစ်ရဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ထုတ်ပြန် ပြသခဲ့ပါတယ်။ အဲဒီ ဒရုန်းကို လက်တွေ့ ပျံသန်းမှုတွေ စမ်းသပ် လုပ်ဆောင်ပြီးပြီလို့လည်း ဆိုပါတယ်။

ဒရုန်းဟာ ကီလိုမီတာ ၁၀၀၀ ကျော်ထိ ပျံသန်းနိုင်ပြီး လက်ရှိ စမ်းသပ် အဆင့်မှာ လက်နက်ခဲယမ်း ၇၅ ကီလိုဂရမ်လောက်ကို တင်ဆောင်နိုင်ကြောင်း၊ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ကြေညာလို့ မရကြောင်း ကုမ္ပဏီက ပြောပါတယ်။

ကုမ္ပဏီဟာ လက်ရှိ နမူနာအဆင့် ဒရုန်းတွေကို တတ်နိုင်သမျှ ခပ်များများ ထုတ်လုပ်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ လေထဲမှာ ပျံသန်းမှုတွေ လက်တွေ့ စမ်းသပ် အကောင်အထည် ဖော်ပြီးတဲ့နောက် ဒုတိယ အဆင့်အနေနဲ့ တိုက်ပွဲဝင် အနေအထားအထိ မြှင့်တင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ပြည်တွင်းဖြစ် တိုက်ခိုက်ရေး ဒရုန်းအသစ်တွေ စမ်းသပ် ထုတ်လုပ်မှုကို ယူကရိန်း လေတပ်က အဓိက ဦးဆောင်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Ukroboronprom State Concernဟာ တိုက်ခိုက်ရေး ဒရုန်းအသစ်တစ်မျိုး တီထွင် တည်ဆောက်နေကြောင်း ကြေညာခဲ့ဖူးပါတယ်။ ဒီဇင်ဘာလမှာတော့ ကီလိုမီတာ ၁၀၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်တဲ့ ဒရုန်းအသစ်ကို အောင်မြင်တဲ့ စမ်းသပ်မှု အကြိမ်အတော်များများ ပြုလုပ်ခဲ့ပြီးကြောင်း နောက်ဆက်တွဲ ထုတ်ပြန်ပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေကို စျေးသက်သက်သာသာနဲ့ ဝယ်ယူပြီး အုံနဲ့ကျင်းနဲ့ အသုံးချခဲ့ပါတယ်။ ယူကရိန်း အနေနဲ့ အနောက်နိုင်ငံတွေဆီက ဒရုန်း အထောက်အပံ့တချို့ ရခဲ့ပေမယ့်လည်း ရုရှားကို ယှဉ်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး အခုလို ပြည်တွင်းဖြစ် ဒရုန်းတွေ အများအပြား ထုတ်လုပ်နိုင်ရင်တော့ ဒရုန်းစစ်ဆင်ရေး ချိန်ခွင်လျှာကို ပိုပြီး ညီမျှလာစေမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

Facebook