Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့နယ်တွင် စစ်ကောင်စီနှင့် CDF တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မတူပီမြို့နယ် ငလိုင်ကျေးရွာမှာရှိ CDF မတူပီ၏ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၁၅ရက်)တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

(CDF မတူပီတပ်ဖွဲ့ဝင်များ သေနတ်ပစ်လေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi)
(CDF မတူပီတပ်ဖွဲ့ဝင်များ သေနတ်ပစ်လေ့ကျင့်နေစဥ်၊ ဓာတ်ပုံ - Chinland Defense Force Matupi)

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ငလိုင်ကျေးရွာရှိ ရှေ့တန်းစခန်းအား စီးနင်းတိုက်ခိုက်သည့် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်သည့် တိုက်ပွဲတွင် CDF မတူပီတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရသည်။

မတူပီမြို့နယ် ငလိုင်ကျေးရွာမှာရှိ CDF မတူပီ၏ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၁၅ရက်)တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီက ရွာကို ခြေကုပ်ယူထားတဲ့အခြေအနေပါ”ဟု CDF မတူပီတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကျဆုံးရဲဘော်သည် ဇန်နဝါရီ ၁၅ရက်က တိုက်ပွဲတွင် ပျောက်ဆုံးနေရာမှ ယနေ့(ဇန်နဝါရီ ၁၅ရက်) ရုပ်အလောင်းအား ပြန်ရှာတွေ့ခံ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း CDF မတူပီ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မတူပီ – ဟားခါးလမ်းပိုင်းတွင်လည်း အချိန်မရွေး တိုက်ပွဲဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း CDF မတူပီက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။