Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ဒီဇင်ဘာတစ်လတည်း​ ပြည်သူ့နေအိမ်တစ်​သောင်းနီးပါးကိုမီးရှို့ဖျက်ဆီး

အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကိုခုခံတွန်းလှန်မှုအား​ကောင်းတဲ့ဒသ​တွေကို မီးရှို့အကြမ်းဖက်နဲ့တုန့်ပြန်တာကို ၂၀၂၁ ​မေလ မှစပြီးဆက်တိုက်ပြုလုပ်ခဲ့တာပါ။

စစ်​ကောင်စီက ဒီဇင်ဘာတစ်လတည်း​ ပြည်သူ့နေအိမ်တစ်​သောင်းနီးပါးကိုမီးရှို့ဖျက်ဆီး
စစ်​ကောင်စီက ဒီဇင်ဘာတစ်လတည်း​ ပြည်သူ့နေအိမ်တစ်​သောင်းနီးပါးကိုမီးရှို့ဖျက်ဆီး

အာဏာသိမ်းစစ်​ကောင်စီက နိုင်ငံတစ်ဝန်းပြည်သူ့​နေအိမ်​တွေကိုဆက်တိုက်လိုက်လံမီးရှို့ဖျက်ဆီး​နေတာမှာ.၂၀၂၂ ဒီဇင်ဘာလမှာ ​တစ်လတည်းနေအိမ်​ပေါင်း တစ်​သောင်းနီးပါး (၉၆၉၆)လုံးမီးရှို့ဖျက်ဆီးခဲ့ပြီးမှတ်တမ်းဆိုးထပ်တင်ခဲ့ပါတယ်။အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကိုခုခံတွန်းလှန်မှုအား​ကောင်းတဲ့ဒသ​တွေကို မီးရှို့အကြမ်းဖက်နဲ့တုန့်ပြန်တာကို ၂၀၂၁ ​မေလ မှစပြီးဆက်တိုက်ပြုလုပ်ခဲ့တာပါ။ လ​​ပေါင်း ၂၀ ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာမှာ အချိန်ကြာလာတာနဲ့အမျှ ​လျော့ကျမသွားဘဲ ပြည်သူ့​နေအိမ်​တွေကိုပိုတိုးပြီးဖျက်ဆီး​နေတာဖြစ်ပါတယ်။ ၂၀၂၁ ​မေလမှ ၂၀၂၂ ဒီင်ဘာဘာ လကုန်အထိ့ လ​ပေါင်း ၂၀ အတွင်း နေအိမ်​ပေါင်း ငါးသောင်းခန့်( ၄၈၃၈၃လုံး)မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmarရဲ့ အချက်အလက်​တွေအရသိရပါတယ်။

တစ်လတည်းအများဆုံးမီးရှို့ဖျက်ဆီးခံရတာက ၂၀၂၂ ​ဒီဇင်ဘာလဖြစ်ပြီး ​ပြည်သူ့နေအိမ်​ပေါင်း ၉၆၉၆ လုံးကိုပြာချခဲ့တာပါ။ ၂၀၂၂ ​မေလမှာ ​နေအိမ်​ပေါင်း ၆၇၂၄ လုံးပြာကျခဲ့ပြီး​ ဒုတိယအများဆုံးဖျက်ဆီးခံရတဲ့လဖြစ်ပါတယ်။ တတိယအများဆုံး မီးရှို့ခံရတဲ့လက ၂၀၂၂ နိုဝင်ဘာလဖြစ်ပြီးပြည်သူ့​နေအိမ်​ ၆၁၃၉ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်တပ်မီးရှို့ဖျက်ဆီးတဲ့ပုံစံဟာ စစ်​ကောင်စီတပ်ကို ခုခံမှုအား​ကောင်းတဲ့​ဒေသ​တွေကို ဘယ်သူ့အိမ်ရယ်လိုမခွဲခြားဘဲ ​တွေ့သမျှ မီးရှို့​နေတာဖြစ်ပြီး​တော့ ၂၀၂၂ ဇန်နဝါရီလကစပြီး သိသိသာသာတိုးပြီးဖျက်ဆီး​နေတာဖြစ်ပါတယ်။စစ်​ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။ ဒါ​တောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်​တောက်ထားလို့ဆက်သွယ်​ရေးခက်ခဲ့လို့သတင်းအချက်အလက်မရ​သေးတဲ့​၊အတည်ပြုဖို့ခက်ခဲ​နေတဲ့ဒေသတွေအချက်အလက်​တွေကျန်​သေးပြီး​မြေပြင်မှာ တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်​တောင်ပိုများနိုင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။