Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ​ပြည်သူ့​နေအိမ် ​ပေါင်းငါး​သောင်းခန့်ကိုမီးရှို့ဖျက်ဆီး

စစ်​ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။

စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ​ပြည်သူ့​နေအိမ် ​ပေါင်းငါး​သောင်းခန့်ကိုမီးရှို့ဖျက်ဆီး
စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ​ပြည်သူ့​နေအိမ် ​ပေါင်းငါး​သောင်းခန့်ကိုမီးရှို့ဖျက်ဆီး

စစ်​အုပ်စုက အာဏာသိမ်းပြီး​နောက်ပိုင်းပြည်သူ့​အိုးအိမ်​တွေကိုမီးရှို့ဖျက်ဆီးခဲ့တာမှာ ၂၀၂၂ ဒီဇင်ဘာလကုန်အထိ့ ၂၃ လအတွင်း နေအိမ်​ပေါင်း ​ငါးသောင်းခန့်( ၄၈၄၆၃လုံး)မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmarက ဒီက​နေ့ထုတ်ပြန်ပါတယ်။ စစ်​ကောင်စီက ၎င်းတို့ကို ခုခံ​တော်လှန်တဲ့​ဒေသ​တွေကို မီးရှို့ အကြမ်းဖက်တာကို ၂၀၂၁ ​မေလက​နေ ဒီ​နေ့အထိ့တိုးပြီးပြုလုပ်​နေတာဖြစ်ပါတယ် ။ ဒါ​ကြောင့် ၂၀၂၁ ​မေလကစတင်​ရေတွက်ရင် စစ်အုပ်စုကနိုင်ငံတစ်ဝန်းမီးရှို့ဖျက်ဆီး​နေတာလ​ပေါင်း ၂၀ ရှိပါပြီ။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်ကအကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။ ဒါ​တောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်​တောက်ထားလို့ဆက်သွယ်​ရေးခက်ခဲ့လို့ သတင်းအချက်အလက်မရ​သေးတဲ့​၊အတည်ပြုဖို့ခက်ခဲ​နေတဲ့ဒေသတွေ ၊အချက်အလက်​တွေကျန်​နိုင်​သေးပြီး​မြေပြင်မှာ တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်​တောင်ပိုများနိုင်ပါတယ်။

စစ်​ကောင်စီတပ်အများဆုံးဖျက်ဆီးအကြမ်းဖက်တဲ့​ဒေသက စစ်ကိုင်းတိုင်းဖြစ်ပါ​တယ် ။​နေအိမ်​ပေါင် ၃၆၆၆၇ လုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။မ​ကွေးတိုင်းကနေအိမ် ၈၅၇၅လုံးနဲ့ ဒုတိယ ၊ ချင်းပြည်နယ်မှာ ၁၄၇၅ လုံးနဲ့တတိယအများဆုံးမီးရှို့ဖျက်ဆီးခံထားရပါတယ်။ တိုင်းနဲ့ပြည်နယ်၁၄ ခုရှိတာမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကလွဲရင် ကျန်​ဒေသ​တွေအားလုံးက စစ်အုပ်စု မီးရှို့တာခံထားရတဲ့​ဒေသ​တွေပဲဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။