Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း ကာလအတွင်းစစ်ကောင်စီ လဝက ရုံး ၉ ရုံးမီးရှို့ခံရ

စစ်ကောင်စီရဲ့စာရင်းအရ အဲဒီ ၉ ရုံးမှာ ရေစကြို ၊ မြိုင် ၊ မြင်းမူ နဲ့ ဆားလင်းကြီးရုံးတွေဟာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ မှာ မှ မီးရှို့ခံရတာဖြစ်ပါတယ်။

မီးလောင်နေတဲ့ ရေစကြို လဝကရုံး
မီးလောင်နေတဲ့ ရေစကြို လဝကရုံး

အာဏာသိမ်း ၂ နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲက လဝက ရုံး စုစုပေါင်း ၉ ရုံးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပါတယ်။

ဖျက်ဆီးခံရတဲ့ ရုံးတွေထဲမှာ စစ်ကိုင်းတိုင်းက ၄ ရုံး ၊ချင်းပြည်နယ် ၂ ရုံးနဲ့ မကွေးတိုင်း က ၃ ရုံးဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီရဲ့စာရင်းအရ အဲဒီ ၉ ရုံးမှာ ရေစကြို ၊ မြိုင် ၊ မြင်းမူ နဲ့ ဆားလင်းကြီးရုံးတွေဟာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ မှာ မှ မီးရှို့ခံရတာဖြစ်ပါတယ်။

အဲဒီအချိန်ဟာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက လူဦးရေ မဲစာရင်းကောက်ယူနေတဲ့ ကာလလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ လဝက ရုံးတွေကို တော်လှန်ရေးအဖွဲ့တွေက မီးရှို့တာဖြစ်ပြီး စစ်အာဏာရှင်သက်ဆိုးရှည်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းပြင်ဆင်လို့ မီးရှို့ဖျက်ဆီးတာလို့ အတိအလင်းပြောထားပါတယ်။

ဒီနှစ်ထဲကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအတွက် လူဦးရေမဲစာရင်းကို စစ်ကောင်စီဟာ ဇန်နဝါရီလ ၉ ရက်ကနေ ဇန်နဝါရီလကုန်အထိ မြေပြင်မှာ ထွေအုပ် ၊လဝက ဝန်ထမ်းတွေနဲ့ ကွင်းဆင်းကောက်ယူနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။