Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်း ကာလအတွင်းစစ်ကောင်စီ လဝက ရုံး ၉ ရုံးမီးရှို့ခံရ

စစ်ကောင်စီရဲ့စာရင်းအရ အဲဒီ ၉ ရုံးမှာ ရေစကြို ၊ မြိုင် ၊ မြင်းမူ နဲ့ ဆားလင်းကြီးရုံးတွေဟာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ မှာ မှ မီးရှို့ခံရတာဖြစ်ပါတယ်။

မီးလောင်နေတဲ့ ရေစကြို လဝကရုံး
မီးလောင်နေတဲ့ ရေစကြို လဝကရုံး

အာဏာသိမ်း ၂ နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲက လဝက ရုံး စုစုပေါင်း ၉ ရုံးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပါတယ်။

ဖျက်ဆီးခံရတဲ့ ရုံးတွေထဲမှာ စစ်ကိုင်းတိုင်းက ၄ ရုံး ၊ချင်းပြည်နယ် ၂ ရုံးနဲ့ မကွေးတိုင်း က ၃ ရုံးဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီရဲ့စာရင်းအရ အဲဒီ ၉ ရုံးမှာ ရေစကြို ၊ မြိုင် ၊ မြင်းမူ နဲ့ ဆားလင်းကြီးရုံးတွေဟာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ မှာ မှ မီးရှို့ခံရတာဖြစ်ပါတယ်။

အဲဒီအချိန်ဟာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက လူဦးရေ မဲစာရင်းကောက်ယူနေတဲ့ ကာလလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ လဝက ရုံးတွေကို တော်လှန်ရေးအဖွဲ့တွေက မီးရှို့တာဖြစ်ပြီး စစ်အာဏာရှင်သက်ဆိုးရှည်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းပြင်ဆင်လို့ မီးရှို့ဖျက်ဆီးတာလို့ အတိအလင်းပြောထားပါတယ်။

ဒီနှစ်ထဲကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအတွက် လူဦးရေမဲစာရင်းကို စစ်ကောင်စီဟာ ဇန်နဝါရီလ ၉ ရက်ကနေ ဇန်နဝါရီလကုန်အထိ မြေပြင်မှာ ထွေအုပ် ၊လဝက ဝန်ထမ်းတွေနဲ့ ကွင်းဆင်းကောက်ယူနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။