Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏မုံရွာစည်ပင်ဒုဦးစီးအားပလဖ ကဖမ်းဆီးဖမ်းဆီစစ်ကောင်စီ၏မုံရွာစည်ပင်ဒုဦးစီးအားပလဖ ကဖမ်းဆီး

ဖမ်းဆီးထားသော စည်ပင်ဒုဦးစီးမှူးအား ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့်ပတ်သက်၍ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

(ဖမ်းဆီးထားသည့် စည်ပင်ဒုဦးစီးမှူးအား တွေ့ရစဥ်။ ။ဓါတ်ပုံ-မုံရွာ ပလဖ)
(ဖမ်းဆီးထားသည့် စည်ပင်ဒုဦးစီးမှူးအား တွေ့ရစဥ်။ ။ဓါတ်ပုံ-မုံရွာ ပလဖ)

မုံရွာမြို့မှ စစ်​ကောင်စီ၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူးဦးမိုးဇော်ဆိုသူအားဇန်နဝါရီလ ၂၀ ရက် ည ၇ နာရီခန့်တွင် မုံရွာ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ၎င်း၏နေအိမ်သို့ သွားရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။

ထိုစည်ပင်ဒုဦးစီးမှုးသည် စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှု ထောက်တိုင်ဖြစ်ခြင်း၊ ပြည်သူအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နေသည့် အရာရှိတစ်ဦးဖြစ်ခြင်း၊ မုံရွာမြို့နယ်၏ အမည်မည်းစာရင်း၀င်တစ်ဦးဖြစ်နေခြင်းတို့ကြောင့် မုံရွာမြို့နယ်(ပလဖ)ခေါင်းဆောင်လီယိုနှင့်မဟာမိတ်အဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ​အသိပေးသည်။

ဖမ်းဆီးထားသော စည်ပင်ဒုဦးစီးမှူးအား ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့်ပတ်သက်၍ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။