မုံရွာမြို့မှ စစ်ကောင်စီ၏ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူးဦးမိုးဇော်ဆိုသူအားဇန်နဝါရီလ ၂၀ ရက် ည ၇ နာရီခန့်တွင် မုံရွာ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ၎င်း၏နေအိမ်သို့ သွားရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။
ထိုစည်ပင်ဒုဦးစီးမှုးသည် စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှု ထောက်တိုင်ဖြစ်ခြင်း၊ ပြည်သူအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နေသည့် အရာရှိတစ်ဦးဖြစ်ခြင်း၊ မုံရွာမြို့နယ်၏ အမည်မည်းစာရင်း၀င်တစ်ဦးဖြစ်နေခြင်းတို့ကြောင့် မုံရွာမြို့နယ်(ပလဖ)ခေါင်းဆောင်လီယိုနှင့်မဟာမိတ်အဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က အသိပေးသည်။
ဖမ်းဆီးထားသော စည်ပင်ဒုဦးစီးမှူးအား ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့်ပတ်သက်၍ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။