Connect with us

Hi, what are you looking for?

သတင်း

မြန်မာဟာတရုတ်အတွက် ယုံကြည်ရတဲ့အိမ်နီးချင်းကောင်းလို့ စစ်ကောင်စီခေါင်းဆောင်ပြော

ရန်ကုန်မှာမနေ့က တရုတ်သံရုံးက ပြုလုပ်တဲ့ တရုတ်နှစ်ကူးပွဲ ကိုတက်ရောက်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်က တရုတ်နိုင်ငံကိုအသိပေးလိုက်တာလည်းဖြစ်ပါတယ်။

မြန်မာဟာတရုတ်အတွက် ယုံကြည်ရတဲ့အိမ်နီးချင်းကောင်းလို့ စစ်ကောင်စီခေါင်းဆောင်ပြော
မြန်မာဟာတရုတ်အတွက် ယုံကြည်ရတဲ့အိမ်နီးချင်းကောင်းလို့ စစ်ကောင်စီခေါင်းဆောင်ပြော

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီခေါင်းဆောင်က ပြောလိုက်ပါတယ်။

ရန်ကုန်မှာမနေ့က တရုတ်သံရုံးက ပြုလုပ်တဲ့ တရုတ်နှစ်ကူးပွဲ ကိုတက်ရောက်ခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်က တရုတ်နိုင်ငံကိုအသိပေးလိုက်တာလည်းဖြစ်ပါတယ်။

” မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တရုတ်လူမျိုးများ၊တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားများအတွက်မျက်နှာနှစ်ဖက်ဆက်ဆံရေးမျိုးမရှိတဲ့ ယုံကြည်စိတ်ချရတဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပါတယ်” လို့ စစ်ကောင်စီခေါင်းဆောင်က ဆိုပါတယ်။

အရင်က တရုတ်နှစ်ကူးပွဲကို စစ်တပ်ခေါင်းဆောင် တက်ရောက်လေ့မရှိပေမယ့် အာဏာသိမ်းပြီးနောက် ပိုင်း ပထမဆုံးအကြိမ် တက်ရောက်တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယခင် စစ်အစိုးရနဲ့ တရုတ်နိုင်ငံဟာ ဆက်ဆံရေးကောင်းမွန်ခဲ့ပေမယ့် လက်ရှိစစ်ကောင်စီနဲ့တော့ ဆက်ဆံရေးဟာအေးစက်နေတယ်လို့ စစ်အစိုးရ နိုင်ငံခြားရေးဒုဝန်ကြီးဟောင်း ကြံခိုင်ရေး ဗဟိုအလုပ်အမှုဆောင် မင်းကင်းဦးမောင်မြင့်က ထုတ်ပြောထားပါတယ်။

တရုတ်ဦးဆောင်ဖွဲ့စည်းထားတဲ့ လန်ချန်း − မဲခေါင်နိုင်ငံများထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း အတွင်း မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် တရုတ်ကလျစ်လျုရှုထားလို့ စစ်ကောင်စီရဲ့အစီအစဉ်ပျက်ခဲ့ရကြောင်း အယ်ဂျာဇီးယား သတင်းဌာနက ရေးသားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နေချင့်စဖွယ် အကောင်းဆုံး နိုင်ငံတွေ စာရင်းမှာ အက်စ်တိုးနီးယားက နံပါတ်တစ်အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook